တရားမဝင် နိုင်ငံသားစိမ့်ဝင်မှုကာကွယ်ရန် ရခိုင်အနောက်ဘက် ကမ်းခြေတစ်လျှောက် ကမ်းခြေစောင့်တပ်များ ချထားရန် စီစဉ်ပြီးဖြစ် - NAING NAING SANAY MYANMAR NEWS
Headlines News :

Wednesday, October 3, 2012

တရားမဝင် နိုင်ငံသားစိမ့်ဝင်မှုကာကွယ်ရန် ရခိုင်အနောက်ဘက် ကမ်းခြေတစ်လျှောက် ကမ်းခြေစောင့်တပ်များ ချထားရန် စီစဉ်ပြီးဖြစ်


နိုင်ငံတွင်း တရားမဝင်နိုင်ငံသားစိမ့်ဝင်မှုတွေ ကာကွယ်နိုင်ရန် ရခိုင်ပြည်နယ်အနောက်ဘက်ကမ်းခြေတစ်လျှောက် ကမ်းခြေစောင့်တပ်များ ချထားရန် စီစဉ်ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

ချထားရန် ကမ်းခြေစောင့် တပ်များ ထူထောင်ဖွဲ့စည်းပြီးဖြစ် သလို ဖွဲ့စည်းပုံလည်း ကျထားပြီး ဖြစ်ကြောင်း နိုင်ငံတွင်းတရားမဝင် ဝင်ရောက်မှုတွေအတွက် ထိထိ ရောက်ရောက်ဆောင်ရွက်သွားရန် စတင်နေပြီဖြစ်ကြောင်း ¤င်းက ဆိုသည်။

''အစိုးရဘက်ကတော့ တတ် နိုင်သလောက် စနစ်တကျတစ် ဖက် နိုင်ငံ ကစိမ့်ဝင်တဲ့ကိစ္စတွေကို မဖြစ် အောင် ထိထိရောက်ရောက်လုပ်ဖို့ စနေပါပြီ''ဟု ပြောကြားသည်။

၎င်းအပြင် လာမည့် တစ်နိုင်ငံ လုံးသန်းခေါင်စာရင်း ကောက်ယူမှု တွင် ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေ အရ တိတိကျကျ ဆောင်ရွက်ရှင်း လင်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည် နယ်နှင့် ဘင်္ဂလားဒေ့ရှ်ကြားရှိနတ် မြစ် အပြန့်ပိုင်းတစ်လျှောက်တွင် တံ တိုင်းကာရံမှုများ ဆောင်ရွက်ထား ပြီးဖြစ်သလို ယင်းအထက်ဘက် ရသေ့တောင်၊ ပလက်ဝမြောက် ပိုင်း တောတောင်ပိုင်းနေရာအချို့တွင် သာ အနည်းငယ်ကျန် မည်ထင် ကြောင်း၊ နိုင်ငံတွင်း တရားမဝင်နိုင်ငံ သားစိမ့်ဝင်မှုမှာ များစွာလျော့နည်း သွားပြီဖြစ်ကြောင်း သမ္မတအကြံ ပေးပုဂ္ဂိုလ် က ပြောသည်။

''တံတိုင်းတွေအပြင် မြစ် ကြောင်းတစ်လျှောက်မှာ ကမ်းခြေ စောင့် ရဲတပ်ဖွဲ့တွေထားလိုက်ရင် တော်တော်စိတ်ချရပြီ။ အဲဒါအပြင် ကင်းတပ်ဖွဲ့လေးတွေ တောက် လျှောက် စဉ်ဆက်မပြတ်ထားပြီး လုပ်ဖို့စီမံနေပါတယ်''ဟု ၄င်းက ပြောသည်။

ယင်းနှင့်ပတ်သက်၍ ရခိုင် အမျိုးသားကွန်ရက် ဒုတိယဥက္ကဋ္ဌ ကိုကျော်ဝင်းချေက ထိုသို့ အဖွဲ့ အစည်းများချထားမှုအပြင် လူဝင် မှုကြီးကြပ်ရေးမူဝါဒခိုင်ခိုင်မာမာ ချ မှတ်ရန်နှင့် နယ်စပ်ဒေသရှိ အကျင့် ပျက်ခြစားခြင်း မသမာမှုများကို ထိထိရောက်ရောက် အရေးယူနိုင်မှ တရားမဝင် နိုင်ငံသားစိမ့်ဝင်မှုများ ကို တားဆီးနိုင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

၎င်းနည်းတူ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်၊ အမျိုးသားလွှတ်တော် အမတ် တစ်ဦးလည်းဖြစ်သူ ဒေါက် တာ အေးမောင်ကလည်းယင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကို ပြညွှန် ခြင်းအဖြစ် သွားရမည်ဖြစ်ကြောင်း ဆိုသည်။

''ဘယ်နေရာမှာ တံတိုင်းကာ မလဲ၊ ကြည်း၊ရေ၊လေကို ဘယ်လို အသုံးချမလဲ။ မဟာဗျူဟာမြောက် ဘယ်လိုသုံးမလဲဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ ပြည်ထောင်စုကို ဘယ် လိုကာကွယ်မလဲဆိုတဲ့စိတ်ဓာတ် ရှိဖို့လိုပါတယ်။ အဲဒီလို မှမဟုတ်ရင် တော့ သေနတ်မဖောက်ရဘဲ သိမ်း ပိုက်မှု ဖြစ်သွားမယ့်အခြေအနေပါ''ဟု ပြောသည်။

ယင်းနှင့်ဆက်စပ်၍ မြန်မာ နိုင်ငံလေကြောင်း၊ အနောက်ဘက် ကမ်းခြေနှင့်မြစ်ကြောင်းများ လုံခြုံ ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ယူရမည်ဖြစ်ပြီး ယင်းအ တွက် သြစတြေးလျနိုင်ငံ ပြည် ထောင်စု ရဲတပ်ဖွဲ့ (Australian Federal Police) မှ ကူညီရန်သြဂုတ် လအတွင်းက ဆွေးနွေးမှု ပြုခဲ့ ကြောင်း သိရှိရသည်။ ထို့အပြင် အမေရိကန်နှင့် ဥရောပ နိုင်ငံများမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင် ခြင်းဆိုင်ရာသင်တန်းများ ပို့ချပေး ပေးရန် ကမ်းလှမ်းမှုများရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်၌ ယခု နှစ်မေလ
၂၈ ရက်က မသီတာထွေး အဓမ္မပြု ကျင့်သတ်ဖြတ်ခံရမှုအပေါ် အခြေခံ၍ စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၏ နောက်ဆက် တွဲအဖြစ် နိုင်ငံ တွင်းသို့ တရားမဝင် ရောက်ရှိနေသော နိုင်ငံသားများ ပြဿနာသည် ကြီးမားလာခဲ့ သည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template