- NAING NAING SANAY MYANMAR NEWS
skip to main  |
      skip to sidebar
          
        
          
        
KIA
 တပ်ရင်းများတွင် တာဝန်ထမ်းဆောင်ရန် လူသစ်များအား နည်းလမ်းအမျိုးမျိုးဖြင့်
 စုဆောင်းလျက်ရှိပြီး ၊ တချို့တပ်ရင်းများတွင် အတင်းအဓမ္မဖမ်းဆီးခြင်း၊ 
အချို့တပ်ရင်းများသည် မူးယစ်ဆေးဝါး ကိုအကြောင်းပြ၍ ဖမ်းဆီးလူသစ်စုခြင်းများ
 ဆောင်ရွက်လျက်ရှိရာ KIA တပ်ရင်း (၆) သည်ရွာများသို့ ပြည်သူ့စစ်များစေလွတ်၍
 ရွာလိုက် ခွဲတမ်းဖြင့် လူသစ်တောင်းခံထားကြောင်း သိရသည်။
 
အောက်တိုဘာလ
 (၂) ရက်နေ့တွင် KIA တပ်ရင်း (၆)မှ စေလွတ်လိုက်သော ပြည်သူ့စစ်ခေါင်းဆောင် 
နောင်လတ်နှင့် အဖွဲ့သည် ဆိုင်ကယ် (၃) စီးဖြင့် မိုးကောင်းမြို့နယ် 
မြို့ဟောင်းရွာသို့ ရောက်လာကြောင်း ၊ ရွာလူကြီး၏ အိမ်တွင် 
ရွာသားများအားခေါ်၍ အစည်းအဝေးပြုလုပ်ကြောင်းနှင့် အစည်းအဝေးတွင် သူတို့အား 
KIA တပ်ရင်း (၆) က လူသစ်စုဖို့တာဝန်ပေးလို့လာရတာဖြစ်ကြောင်း၊ ရွာတစ်ရွာလျင်
 တပ်သားသစ် (၅) ဦးကျ စီအပ်ရမည်ဟု တပ်ရင်းမှ အမိန့်ထုတ်ထားကြောင်း 
၊မပေးနိုင်ပါက တွေ့တဲ့လူကို ဖမ်းခေါ်လာဖို့ ပြောထား ကြောင်း  အောက်တိုဘာလ 
(၁၀)ရက်နေ့တွင် လာခေါ်မည်ဖြစ်ကြောင်း ၊ ရွာလူကြီးအနေနဲ့ လူရွေးထားရမည် 
ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ မြို့ဟောင်းရွားသားတစ်ဦးက ပြောပါတယ်။
 
 
KIA
 အကြောင်းမဲ့ အရပ်သားများအားသတ်ဖြတ်ခြင်း ၊ လမ်းပိတ်ခြင်း ၊ 
ဆတ်ကြေးကောက်ခြင်းနှင့် လမ်းများ၊တံတားများ မိုင်းထောင်ဖောက်ခွဲခြင်းများ 
ဆောင်ရွက်သည့်အပြင် အတင်းအဓမ္မလူသစ် စုဆောင်းခြင်းများ 
ဆောင်ရွက်နေခြင်းကြောင့် ပြည်သူလူထုမှာ KIA အား ကြောက်ရွံ၊ မုန်းတီး 
လျက်ရှိကြောင်း သိရသည်။ထို့ကြောင့် KIA အား လူ့အခွင့်အရေးဖောက်ဖျက်မှုကို 
ဆက်တိုက်ကျူးလွန်နေသည်ဟု ဝေဖန်ခံချက်များ ကိုလည်း အင်တာနက်သတင်းWebsite 
များတွင် တွေ့နေရသည်။
 
 
 
 
 
          
      
 
  
 
 
 
  
No comments:
Post a Comment