(နေပြည်တော် အောက်တိုဘာ ၈)
တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေသို့
ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်
သည် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် တာချီလိတ် တပ်နယ်ရှိ တပ်နယ် ခန်းမ၌ တပ်နယ်မှ
အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံ သြဝါဒ မြွက်ကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် ၏ဇနီး
ဒေါ်ကြူ ကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့်ဇနီး
ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း နှင့် ဇနီး ဒေါ်ထွေးထွေးညွန့်၊
ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်
တိုင်းမှူးနှင့် ဇနီး၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး
ခင်ဇော်ဦးက စစ်ရေးပိုင်း ဆိုင်ရာများအား လည်းကောင်း၊ ညှိနှိုင်း ကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ)
ဗိုလ်ချုပ်ကြီး လှဌေးဝင်းက တပ်မတော် စည်းရုံးရေး ကော်မတီ အဆင့်ဆင့်၏ ဆောင်ရွက် ရမည့်
လုပ်ငန်း တာဝန်များကို လည်းကောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဝါဒစကား မြွက်ကြား ပြီး သုတ၊ ရသစာအုပ်
စာစောင်များအား တာဝန်ရှိသူများသို့ ပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဒုတိယဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူ ကြူလှတို့သည် အခမ်းအနားသို့
တက် ရောက်လာကြသော အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် တာချီ လိတ်မြို့ နဂါးနှစ်ကောင် ကျောင်းတိုက် သို့ ရောက်ရှိကြပြီး နဂါးနှစ်ကောင် ကျောင်းတိုက်
ဦးစီးပဓာနနာယက ဆရာတော် နိုင်ငံတော်သြဝါဒါ
စရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဓမ္ပသီရိနှင့်
မဟာမြတ်မုနိ ဘုရားကြီး ကျောင်းတိုက်သို့
ရောက်ရှိကြပြီး ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ တို့အား ဖူးမြော်ပြီး
လှူဖွယ် ပစ္စည်း များ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင်
မိုင်းဆတ်မြို့သို့ ရောက်ရှိပြီး မိုင်းဆတ် တပ်နယ်ခန်းမတွင် မိုင်းဆတ် တပ်နယ် မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ
အား တွေ့ဆုံသြဝါဒ စကားမြွက်ကြား သည်။
တွေ့ဆုံပွဲတွင် ရှေးဦးစွာ စစ်ရေးချုပ်
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးမှ စစ်ရေး ဆိုင်ရာများအား လည်းကောင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး
(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းမှ တပ်မတော်စည်းရုံး ရေးကော်မတီ အဆင့်ဆင့်၏
လုပ်ဆောင် ရမည့် လုပ်ငန်း တာဝန်များအား လည်း ကောင်း ပြောကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ရှိသူများက လက်ဆောင် ပစ္စည်းများ
ပေးအပ်ခဲ့သည်။ တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်
မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် အခမ်းအနားသို့ တက်ရောက်လာကြ
သူများအား ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာချီလိတ်တပ်နယ် နှင့်မိုင်းဆတ် တပ်နယ်များမှ အရာရှိ၊
စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံသြဝါဒ
စကားမြွက်ကြားရာ၌ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး အတွက် တရား ဥပဒေနှင့်အညီ စနစ်တကျ
ဖွဲ့စည်းထား ရာ ကာကွယ်နိုင် စွမ်းရှိသည့် တပ်မတော် အဖြစ် ဆောင်ရွက်ကြ ရမှာဖြစ်ကြောင်း၊
စွမ်းရည်ထက်မြက် ရန်အတွက် လူစွမ်း အားနှင့် ရုပ်ဝတ္ထုပစ္စည်း စွမ်းအား (၂)မျိုး လုံး
တိုးတက်ရန် လိုအပ်ကြောင်း၊ တပ်မ တော်မှဖွင့်လှစ် ပေးလျက်ရှိသော သင် တန်းကျောင်း အသီးသီးမှ လေ့ကျင့် သင်ကြားပေးလိုက်သည့် စစ်ပညာရပ် များအား လက်တွေ့ နယ်ပယ်တွင် စနစ် တကျ
အသုံးချကြရန် လိုကြောင်း၊ ပြောင်းလဲ တိုးတက်လာသော ယခုခေတ် ကာလတွင် တပ်မတော်သားများ
အားလုံး ပညာရည် မြင့်မားရန် လိုကြောင်း၊ မွန်မြတ်သော စိတ်ဓာတ်ဖြင့် မိမိသဘော ဆန္ဒအလျောက်
တပ်မတော် ထဲသို့ ဝင်ရောက်လာသည့် စစ်သည် များအား ပညာရည် မြင့်မားရေး ဆောင်ရွက်ပေး လျက်
ရှိကြောင်း၊ ပြည်သူကြား က ပေါက်ဖွားလာသော ပြည်သူ့ တပ်မတော် ဖြစ်သည်နှင့် အညီ ပြည်သူချစ်သော
တပ်မတော် ဖြစ်အောင် လုပ်ရန် လိုကြောင်း၊ တပ်မတော်မှ ပြဋ္ဌာန်းထားသော လုပ်ဆောင်ရန် တိုက်တွန်းချက်နှင့်
မလုပ်ဆောင်ရန် တားမြစ်ချက် စည်းကမ်းများကို လိုက်နာရန် လိုကြောင်း၊ စစ်သည်များ၏ သက်သာ
ချောင်ချိရေးအား အထောက် အကူပြုစေရန် နားချိန်၊
အလုပ်လုပ်ချိန်များ သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ ယင်းသို့သတ်မှတ် ထားသည့်အတိုင်း ဖွံ့ဖြိုးတိုးတက်
ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ တပ်မတော် အနေဖြင့် ကေအိုင်အေမှ
စစ်ရေးနှင့် မသက်ဆိုင်သော အရပ်ဘက် ပစ်မှတ်များအား နှောင့်ယှက်ပစ်ခတ် မိုင်းထောင် ဖျက်ဆီး
သတ်ဖြတ်မှုများ ပြုလုပ် ခြင်း၊ ဆက်ကြေးတောင်း၊ လူသစ်စုခြင်း၊ စီးပွားရေး လုပ်ငန်းများ
နှောင့်ယှက် ဖျက်ဆီးခြင်းဖြင့် ဒေသခံများအား အကျပ်အတည်း ဖြစ်စေကြောင်း၊ ပြည်သူ့ အကျိုးစီးပွား
ကာကွယ် စောင့်ရှောက်ရန် တပ်မတော်တွင် တာဝန်ရှိသည့် အတိုင်း ဆောင်ရွက်ရာတွင် ထိခိုက်မှုများ
ရှိသော်လည်း တုံ့ပြန်မှုမပြုဘဲ စိတ်ရှည်သည်းခံ ဆောင်ရွက်လျက်ရှိ ကြောင်း၊ တပ်မတော် အနေဖြင့်
တိုင်းပြည် ငြိမ်းချမ်းပြီး ဖွံ့ဖြိုး တိုးတက်ရန် လိုလားကြောင်း၊ ဥပမာပြောရလျှင် ကယား
ပြည်နယ်တွင် သေနတ်သံ လုံးဝ မကြားရတော့ဘဲ လုံးဝငြိမ်းချမ်း နေပြီဖြစ်၍ ဒေသ ဖွံ့ဖြိုးရေး
အတွက် တပ်မတော်မှ နယ်လှည့် ဆေးကုသရေး အဖွဲ့များ စေလွှတ်၍ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး
လုပ်ငန်းများကို တပ်မတော် မှ ကူညီ ဆောင်ရွက်ပေးသဖြင့် ဒေသခံပြည်သူ လူထုမှ အံ့သြဝမ်းသာ
ဖြစ်လျက်ရှိ ကြောင်း၊ မိမိတို့ နိုင်ငံကို အခြား ကမ္ဘာ့ နိုင်ငံများ နည်းတူ ဖွံ့ဖြိုးတိုးတက်ရန် ဝိုင်းဝန်းကြိုးပမ်း ကြရန်ဖြစ်ကြောင်းဖြင့်
အကျယ်တဝင့် ပြောကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မိုင်းဆတ်ခရိုင် အတွင်းရှိ ''ဝ'' တိုင်းရင်းသား ခေါင်းဆောင် များနှင့် မိုင်းဆတ်
တပ်နယ် ဧည့်ရိပ်သာ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး
အတွက် ဥပဒေနှင့် အညီ ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ကြရေး ရင်းရင်းနှီးနှီး ဆွေးနွေးမှာကြား
ခဲ့ကြောင်း သတင်းရရှိ သည်။
No comments:
Post a Comment