တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့မှ မြို့မိ၊ မြို့ဖများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် - NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, October 8, 2012

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့မှ မြို့မိ၊ မြို့ဖများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်

(နေပြည်တော်  အောက်တိုဘာ  ၈)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ရွှေတြိဂံ ရိပ်သာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ မြို့မိ၊ မြို့ဖ များအား ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်  တိုင်းမှူးနှင့်  မြို့မိ၊ မြို့ဖများ ဖြစ်ကြသော ဦးအောင်ခမ်း၊ ဦးစိုင်းလုံစိုင်နှင့် အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
ယင်းသို့ တွေ့ဆုံရာတွင် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်နိုင်မှု အခြေအနေ များအား ရင်းနှီးစွာ ဆွေးနွေးကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကျိုင်းတုံမြို့မှ မြို့မိ၊ မြို့ဖများနှင့် အတူ နံနက်စောစာ အတူတကွ သုံးဆောင် ခဲ့ကြကြောင်း သတင်း ရရှိသည်။       

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template