မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူထားမှုများ ဖယ်ရှားရေး ဥပဒေကြမ်းကိုအမေရိကန် သမ္မတက လက်မှတ်ရေးထိုး - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, October 5, 2012

မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူထားမှုများ ဖယ်ရှားရေး ဥပဒေကြမ်းကိုအမေရိကန် သမ္မတက လက်မှတ်ရေးထိုး

လက်မှတ်ရေးထိုး


မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ချမှတ် အရေးယူ ထားခဲ့တဲ့ ဘဏ္ဍာရေှးနှင့် ပတ်သက်သည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ဥပဒေကြမ်းကို ယမန် 
နေ့ အောက်တိုဘာလ ၅ ရက်နေ့ က အတည်ပြုလက်မှတ်ရေးထိုးလိုက်ပါတယ်။ 





လွန်ခဲ့တဲ့ လက အမေရိကန် လွှတ်တော်မှာ ဆွေးနွေးသဘောတူထားတဲ့ မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူထားမှုများ ဖယ်ရှားရေး ဥပဒေကြမ်းကို အခုလို အမေရိကန် သမ္မတက လက်မှတ်ရေးထိုး လိုက်တဲ့အတွက် ဥပဒေ အတည် ဖြစ်သွားပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံ ကို ငွေကြေးဆိုင်ရာ အကူအညီပေးနိုင်တော့ မှာ လည်း ဖြစ်ပါတယ်။ 

ဒါဟာ လွန်ခဲ့တဲ့ လက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ အမေရိကန် ခရီးစဉ်ရဲ့ နောက်ကွယ် က အောင်မြင်မှုတွေလည်းဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေကို အခုအချိန် မှာ ဖြေလျှော ပေးတာ ထောက်ခံပြီး သမ္မတ ဦးသိန်းစိန်ကတော့ မြန်မာ့ ပြုပြင်ပြောင်းလဲမှု လုပ်လာသည့် အတွက် အရင်ကနဲ့ မတူတော့တာဖြစ်လို့ စီးပွားရေးဒဏ်ခတ်မှုများကို ဖယ်ရှားပေးဖို့ အမေရိကန် ကို ပြောဆို တိုက်တွန်းမှုတွေ လုပ်ခဲ့ပါတယ်။ 

လွန်ခဲ့တဲ့သတင်းတပတ်ကျော်ကပဲ မြန်မာ့ပို့ကုန်များကို အမေရိကန်က တားမြစ်ပိတ်ပင်ထားတာကို ဖယ်ရှယ်ပေးမှာဖြစ် တယ်လို့ အမေရိကန်ဘက်က ပြောဆိုခဲ့ပါတယ်။ 

ဒီအပြင် အမေရိကန်ရဲ့ ကုမ္ပဏီတွေအနေနဲ့လည်း လွန်ခဲ့တဲ့ လ အနည်းက စပြီး မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးဖို့ကိုလည်း ခွင့်ပြုခဲ့တာကြောင့် အမေရိကန်ကုမ္ပဏီတွေလည်း မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ဖို့ အပြေးအလွှား ကြိုးစားနေကြပါတယ်။ 

အထူးသဖြင့် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ဆိုင်က ရင်းနှီး မြှုပ်နှံ မှုနဲ့ပတ်သက်လို့ အမေရိကန် ကုမ္ပဏီတွေက စိတ်ဝင်တစားရှိတာ ပိုတယ်လို့သိရပါတယ်။ 

ယခင် မြန်မာ စစ်အစိုးရနှင့် တချို့သော နိုင်ငံရေးအင်အားစုများက အမေရိကန် အပါအ၀င် နိုင်ငံတကာ က မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို အစဉ်တစိုက် ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

တချို့သော နိုင်ငံရေး အင်အားစုများက ယခုထက်တိုင် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံက လူ့အခွင့် အရေး ချိုးဖောက်မှုများရှိနေသေးမှု၊  အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခတွေ နဲ့  ဒေသခံတွေ ဒုက္ခသည်တွေအဖြစ်နဲ့ ရှိနေတာတွေ၊ ပြည်တွင်းစစ်များ ရပ်စဲမှုတွေ မရှိသေးတာကြောင့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ မရုပ်ပေးသင့်သေးဘူးလို့ ပြောဆိုနေကြပါတယ်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template