ရိုဟင်ဂျာများအတွက် OIC က ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထား - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, October 5, 2012

ရိုဟင်ဂျာများအတွက် OIC က ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထား



ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအတွက် အလှူငွေအဖြစ် ကမ္ဘာ့မူဆလင် အဖွဲ့ကြီး OIC က အမေရိကန်ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထားသည်။



သောကြာနေ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသော မြန်မာနိုင်ငံ ရိုဟင်ဂျာအရေးနှင့် ပတ်သက်သည့် လူသားချင်းစာနာထောက်ပံ့မှုများဆိုင်ရာ OIC ၏ ဒုတိယအကြိမ် အတိုင်ပင်ခံအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများနှင့် စာနာထောက်ထားရေးဌာနများထံမှ ကောက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း Jakata Post တွင် ရေးသားဖော်ပြထားသည်။


ချမ်းသာသော နိုင်ငံကြီးများမှ ထည့်ဝင်မှု မပြုရသေး၍ ယခု ရရှိသည့်ပမာဏထက် ပိုမိုများပြားစွာ ရရှိရန်ရှိသေးကြောင်း တွဲဘက်အတွင်းရေးမှူးချုပ်က ဆိုသည်။

သြဂုတ်လ အတွင်းက မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ပထမအကြိမ် အစည်းအဝေးတွင်လည်း အဖွဲ့ဝင်နိုင်ငံများ
ဖြစ်ကြသည့် ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တူရကီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က ဒေါ်လာသန်း ၅၀ မှ ၁၀၀ အကြား ထည့်ဝင်ရန် ကတိပေးထားခဲ့ကြခြင်း ဖြစ်သည်။

OIC တွင် အဖွဲ့ဝင် ၅၇ နိုင်ငံ ရှိသည်။

ကောက်ခံရရှိသော အလှူငွေများကို ဇွန်လ အဓိကရုဏ်းနှင့် အကြမ်းဖက်မှုများကြောင့် ဒုက္ခခံစားနေရသော ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ ပြန်လည်နေရာချထားရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဟု သိရှိရသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template