
ဧရာဝတီတိုင်းဒေသကြီး ကြံ့ခင်းမြို့ မြို့မရပ်ကွက်၌ မီးလောင်မှူဖြစ်စဉ်တစ်ခုဖြစ်ပွါးခဲ့ပါသည်။ဖြစ်ပွါးပုံမှာ- စက်တင်ဘာ ၂၇ ရက်တွင် မောင်ပိုင်စိုး (၂၄)နှစ်သည် မိခင်ဖြစ်သူ ဒေါ်တင်လှထံမှ
အရက်သောက်ရန် ငွေကျပ် ၅၀၀ တောင်းရာ မရသဖြင့် ည ၉ နာရီခွဲ တွင် နေအိမ်သို့ပြန်လာပြီး ဖယောင်းတိုင်မီးဖြင့် နေအိမ်ကို မီးရှို့ရာ ခြေရင်းဘက်ဝါးထရံအကာနှင့် နှီးသက်ငယ်အမိုးများ မီးစွဲလောင်ခဲ့ရာ ရပ်ကွက်နေပြည်သူများနှင့် မီးသတ်ယဉ် သုံးစီးတို့က မီးငြိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ပြီးသက်ဆိုင်ရာက မောင်ပိုင်စိုး အား ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းကြားသိရသည်။
No comments:
Post a Comment