OIC နှင့် ဆက်ဆံခြင်းဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေနိုင်ကြောင်း ဘန်ကီမွန်းက ဆိုသည်။ OIC အဖွဲ့သည် လွန်ခဲ့သော လပိုင်းအတွင်းက ရခိုင်ပြည်နယ် အခြေအနေများကို လေ့လာခဲ့ပြီး ယခု ရုံးစိုက်လိုက်ပြီဖြစ်ကြောင်း ပြည်ပမီဒီယာများ၏ ဖော်ပြချက်အရသိရှိရသည်။
ရခိုင်ပြည်နယ် အရေးကိစ္စကို ၀င်ရောက်စွက်ဖွက်ပြီး ရုံးစိုက်ထားသော OIC လုံးဝကန့်ကွက်ကြောင်းနှင့် ပြန်လည် ထွက်ခွါသွားရန် စက်တင်ဘာလ ၂၅ရက်နေ့မှ ၂၆ရက်နေ့ထိ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ကျင်းပသော ရခိုင်ဒေသ လူထု အစည်းအဝေး ဆုံးဖြတ်ချက်တွင် ပါရှိသည်။
သမ္မတဦးသိန်စိန် ကုလသမဂ္ဂတွင် မိန့်ခွန်း အပြီးတွင် OIC အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီများကို နိုင်ငံသား အဖြစ်အသိအမှတ်ပြုပြီး ရပိုင်ခွင့်များ ပေးပါက မြန်မာနိုင်ငံကို လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ဘီဘီစီတွင် ဖော်ပြထားသည်။
No comments:
Post a Comment