လောင်းကစားဒိုင် အား တိကျသေချာသည့် အထောက်အထားပေး က ဖမ်းဆီးမည်ဟုဆို - NAING NAING SANAY MYANMAR NEWS
Headlines News :

Wednesday, October 3, 2012

လောင်းကစားဒိုင် အား တိကျသေချာသည့် အထောက်အထားပေး က ဖမ်းဆီးမည်ဟုဆို


နိုင်ငံသားများ၏ အကျင့် ပျက်ပြားအောင် စီးပွားရေးဆန်ဆန် ပြုလုပ်နေသည့် လောင်း ကစားဒိုင်များအား မြန်မာနိုင်ငံ ရဲတပ် ဖွဲ့မှ ထိရောက်စွာ အရေးယူမှု မရှိဟု လွှတ်တော်ကိုယ်စားလှယ်များ တင်ပြမှုအပေါ်
တိကျ သေချာသည် ထောက်အထား ပေးပါကဖမ်းဆီးသွားမည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

ရဲတပ်ဖွဲ့အနေဖြင့် သက်သေ ခိုင်လုံမှသာ ဖမ်းဆီးအရေးယူမှုကိုဆောင်ရွက်နိုင်သည့် အတွက် ခိုင်မာသည့်သတင်းပေးသူရှိပါက သတင်း ပေးသူကို လျှိုဝှက်၍ဒိုင် ကြီးများအား ဖမ်းဆီးသွားမည်ဟု ၄င်းက ပြောသည်။ ယခင်နှစ် ဇူလိုင်လမှစ၍ လောင်းကစားမှုပပျောက်ရေး စီမံချက်ကို ရေးဆွဲ၍ ၄င်းတို့ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ သတင်းပေး မှုဖြင့် အထက်ဌာနမှ ဝင်ရောက်ဖမ်းဆီး ခဲ့ရသဖြင့် သက်ဆိုင်ရာ နယ်မြေရှိ မြို့နယ်စခန်းမှူးနှင့်နယ်ထိန်းများကိုလည်း ပြစ်ဒဏ်ချအရေးယူမှု များဆောင်ရွက်ခဲ့ခြင်းလည်းရှိသည်ဟု ¸၄င်းက ပြောသည်။


စီမံကိန်း စတင်အကောင်အ ထည်ဖော်ခဲ့သည့် ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့ အထိ တာဝန် ကျေပွန်စွာ မထမ်းဆောင်နိုင်ခဲ့ သည့် အရာရှိ ၁၇၄ ဦးနှင့် အခြားအဆင့် တပ်ဖွဲ့ဝင် ၇၉ ဦးကို အရေးယူခဲ့ပြီး နှစ်လုံး၊ ချဲ၊ ဖဲ၊ ဂျင်၊ ဘောလုံးနှင့် အခြားအမှု ၆၆ဝ ကျော်ကိုလည်း ယခင်နှစ်ထက် ပိုမိုအရေးယူနိုင်ခဲ့သည်ဟု ၄င်းက
ပြောသည်။


No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template