အုပ်ချုပ်ရေးပိုင်းဆိုင်ရာလူကြီးများကအင်ပါလာရွာကိုပြောင်းရွှေ့ပေးမည်ဟုပြောထားပြီးယခုအချိန်ထိမပြောင်းပေးသေး - NAING NAING SANAY MYANMAR NEWS
Headlines News :

Wednesday, October 3, 2012

အုပ်ချုပ်ရေးပိုင်းဆိုင်ရာလူကြီးများကအင်ပါလာရွာကိုပြောင်းရွှေ့ပေးမည်ဟုပြောထားပြီးယခုအချိန်ထိမပြောင်းပေးသေး



အင်ပါလာရွာကို ပြောင်းရွှေ့ပေးမည်ဟု ဇွန်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံတိုင်းရင်းသားများ မြို့မိမြို့ဖများ ဘုန်းတော်ကြီးများဖြင့်ကျင်းပသည့် အစည်းအဝေးတွင် နယ်စပ်ရေးရာနှင့်လုံခြုံ ရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ၀န်ခံဂတိပြုခဲ့ကြောင်း သိရသည်။


သို့သော်လည်း ယနေ့အချိန်ထိ စစ်တွေမြို့ အင်ပါလာ ရွာအားပြောင်း ရွှေ့ ခြင်း တစ်စုံတစ်ရာမရှိခဲ့သလို ပြောင်းရွှေ့ရန် ပြင်ဆင်ခြင်းလည်းမရှိသေးသည့် အတွက် ဘင်္ဂလီများနှင့် ရခိုင်တိုင်းရင်းများ မကြာခဏ ပဋိပက္ခဖြစ်နေရခြင်း ဖြစ်ကြောင်း လည်း ဒေသခံ စစ်တွေမြို့သူမြို့သားများပြောပါသည်။
အင်ပါလာ ရွာ ရှိနေခြင်းသည် စစ်တွေမြို့တွင် နောက်ထပ်ပြဿနာများ ဖြစ် ပေါ်လာနိုင်ကြောင်းနှင့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့လျင် မည်သူ တာဝန်ယူမည်ကို ပြည်သူများကလိုလားကြောင်းနှင့် လုံခြုံရေးအပြည့်အ၀ တာဝန်ယူထားသည်ဟု ဆိုသော်လည်း ဘင်္ဂလီများအတွက်သာ လုံခြုံနေ ခြင်း ဖြစ်ပြီး ရခိုင်တိုင်းရင်းများအတွက် လုံခြုံမှုရှိမရှိကို လာရောက်လေ့လာကြပါ ရန် တင်ပြအပ်ပါသည်

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template