နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်းပေါင်းပြီး အမှုဖုံးကွယ် - NAING NAING SANAY MYANMAR NEWS
Headlines News :

Thursday, October 4, 2012

နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်းပေါင်းပြီး အမှုဖုံးကွယ်


နေပြည်တော်မှာ ဝင်ငွေကာင်းတဲ့ အလုပ်ရမယ်လို့ လှည့်ဖြားခံရပြီး သားမယား ပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ဟာ နေပြည်တော်ရဲဆီမှာ အကူအညီ
တောင်းပေမယ့် လျစ်လျူရှုခံရတဲ့အပြင် ကျူးလွန်သူတွေဘက် ရဲကရပ်တည်တယ်လို့  ပြောပါတယ်။

လှိုင်သာယာ စက်မှုဇုန် ၁ ဧရိယာမှာ အသက် ၆၀ အရွယ် မျက်စိတဖက် ပျက်နေတဲ့
 မိခင်မုဆိုးမနဲ့ အတူနေထိုင်ရင်း ရှာဖွေကျွးမွေးနေတဲ့ ၂၂ နှစ်အရွယ်  စက်ရုံအလုပ်သမ ဒီအမျိုးသမီးငယ်ဟာ နေပြည်တော်က အလှပြင်ဆိုင်မှာ ဝင်ငွေကာင်းမယ်ဆိုတဲ့
လူပွဲစားရဲ့ ပြောစကားကို ယုံပြီး လိုက်သွားရာက သားမယားအဖြစ် အဓမ္မပြုကျင့်ခံခဲ့ရ
တဲ့ အထိ ဖြစ်ခဲ့တာလို့ ကာယကံရှင်က ပြောပါတယ်။

ကျန်းမာရေးကြောင့် စက်ရုံအလုပ်နားနေရချိန်မှာ လစာ ၁ သိန်းနဲ့ အပိုကြေး တလ
၁ သိန်း စုစုပေါင်း ၂ သိန်းလောက် ရမယ်ဆိုတဲ့အတွက် လိုက်သွားခဲ့တာလို့ ဆိုပါတယ်။

နေပြည်တော် ရွှေကြာပင်ရပ်ကွက်က ဇနီးမောင်နှံအိမ်မှာ ညအိပ်ရင်း အောက်ထပ်က
 အခန်းတွင်းကို သွင်းပြီး အသက် ၄၀ ကျော်အရွယ်အမျိုးသားကို နှိပ်ခိုင်းရာကေန သားမယားပြုကျင့်ခံခဲ့ရသလို ရိုက်နှက်တာလည်း ခံရတယ်လို့  ပြောပါတယ်။

ဒီနောက် ခြံကို ကျော်လွားထွက်ပြေးရာမှာ လွတ်မြောက်ခဲ့တယ်လို့ အဲဒီအမျိုးသမီးက
ဆိုပါတယ်။

အမှတ် (၁) ရဲစခန်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ က အမှုသွားဖွင့်ရာ ရဲက အမှုမဖွင့်ပေးပုံနဲ့ သူ့ကို ငွေကြေမှ ပြန်ရမယ်လို့  ပြောဆိုခဲ့ပြီး ပြန်ခိုင်းတယ်လို့ ဆိုပါတယ်။

“ရဲစခန်းက အမှုဖွင့်မေပးဘူး။ သမီးကိုပိုက်ဆံပေးပြီး အမှုမဖွင့်နဲ့  ပြန်ဆိုတော့
 သမီးက ဒီလိုဖြစ်ထားတာ ဖွင့်မယ်ဆိုတော့ မဖွင့်ပေးဘူး။ ညကျ ရဲတယောက်ကလာပြီး
ပိုက်ဆံ ၁ သောင်းပေးပြီး လမ်းစရိတ် ကားလတ်မှတ်ဖြတ်သွားတဲ့။

ပိုတဲ့ဟာကို ထမင်းဝယ်စားဆိုပြီး ပြောတယ်။”“သွားတိုင်ခါစကေတာ့ ရဲဦးလေးက ပခုံးမှာ
 ကြယ်ပွင့် ၂ ခုတော့ တွေ့ တယ်။

သူက ညည်းပြန်ချင်ရင် ညည်းတို့ အိမ်က အစ်မတွေလာပြီး ပိုက်ဆံ ၅ သောင်း
ရမှ ပြန်ရမယ်။

ပိုက်ဆံမရမချင်း မြပန်ရဘူးလို့လည်း ပြောသေးတယ်။”သူမဟာ ရဲက အမှုမဖွင့်ပေးလို့
အပြန်လမ်းမှာ လူမိုက်တွေကလိုက်တဲ့အတွက် ကူညီသူတွေက ဆိုင်ကယ်ပေါ်
တင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ရတယ်လို့  ဆိုပါတယ်။

ဒီနောက် သူမဟာ သူ့ကို စာနာသူတွေ အကူအညီနဲ့ ရဲချုပ်ရုံးဆီရောက်သွားမှ
စက်တင်ဘာ ၁၅ ရက်နေ့မှာ အမှုဖွင့်ခွင့်ရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခွင့်မရခင် ရဲက အမှုမဖွင့်ပေးဘဲ ငွေ ၁၀ သိန်းပေးမယ်ဆိုပြီး အမှုမဖွင့်ဖို့
 ကမ်းလှမ်းတယ်လို့ ဆိုပါတယ်။

“ညည်း ပိုက်ဆံ ၁၀ သိန်းပေးရင် ကျေနပ်လားတဲ့။ သမီးက ပိုက်ဆံမလိုဘူး၊
ဖျက်ဆီးခံရတဲ့အတွက် တိုင်ရမှာပဲ။

တကယ်လို့ ထွက်ပြေးလို့သာမရခဲ့ရင် တခြားကို ပါရင်ပါသွားမှာ ဘယ်မှလည်း
မသွားတတ်ဘူး။

”အမှုလက်ခံပြီးတဲ့နောက် လင်မယား ၂ ဦးနဲ့ လူငယ် ၁ ဦးကို ရဲက လူကုန်ကူးမှုနဲ့
အမှုဖွင့်ပေး ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ဒီအမျိုးသမီးအပေါ် စာနာကြတဲ့
 ရွှေကြာပင်ရပ်ကွက်က ရပ်ကွက်သားတွေက သူမကို အလုပ်အကိုင်ရရှိရေး
အတွက်ပါ စီစဉ်ပေးလို့ သူဟာ ဈေးဆိုင်တဆိုင်မှာ အကူအေရာင်းသမား
အဖြစ် လုပ်နေပါတယ်။

ဒီကိစ္စကို နေပြည်တော်မှာရှိတဲ့ အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်က အိုင်အယ်လ်အို
ဆက်ဆံရေး ကွန်ရက်အဖွဲ့ဝင် ဦးသက်ဝေထံရောက်လာပြီး ဒီနေ့ ရန်ကုန်မြို့ အိုင်အယ်လ်အိုဆက်ဆံရေးရုံးကို တိုင်ကြားပါတယ်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template