တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသလိုအပ်ချက်အရ ပြဋ္ဌာန်းသင့်သည့်
ဥပဒေများကို တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်
ဥပဒေပြုရေးဆိုင်ရာကော်မတီကရေးဆွဲလျက်ရှိရာ မကြာမီကာလအတွင်း
ပုဂ္ဂလိကအငှားယာဉ်များပြေးဆွဲရေးဥပဒေ၊ကုန်တင်ကုန်ချအလုပ်သမားဥပဒေ၊ငါးလုပ်ငန်းဥပဒေတို့ပေါ်ပေါက်လာဖွယ်ရှိကြောင်းသိရသည်။
က်တင်ဘာလနောက်ဆုံးပတ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ်
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေးတွင်
ထိုဥပဒေကြမ်းများနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေး
ဆိုင်ရာကော်မတီ၏အစီရင်ခံစာကိုဖတ်ကြားရှင်းလင်းခဲ့သည်။ထိုသို့ရေးဆွဲ
လျက်ရှိသောဥပဒေကြမ်းများအနက် “ငါးလုပ်ငန်းဥပဒေ”သည်တိုင်းဒေသကြီး
၏ အဓိကစီးပွားရေးလုပ်ငန်းနှင့်ဆက်စပ်လျက်ရှိသဖြင့် ဆိုင်ရာစီးပွာရေး
လုပ်ငန်းရှင်များနှင့်ရေလုပ်သားများ၊အများပြည်သူများကစိတ်ဝင်တစား
စောင့်ကြည့်လျက်ရှိကြောင်းတွေ့ရသည်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
No comments:
Post a Comment