အင်းဝ(စစ်ကိုင်း)တံတားအဆင်းရှိ နေအိမ်တစ်ခုတွင် မိလ္လာကျင်းတူးရာမှ ဂျပန်ခေတ်လက်ကျန် ဗုံးသီးဟောင်း ၄ လုံးတွေ့ရှိ - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, October 5, 2012

အင်းဝ(စစ်ကိုင်း)တံတားအဆင်းရှိ နေအိမ်တစ်ခုတွင် မိလ္လာကျင်းတူးရာမှ ဂျပန်ခေတ်လက်ကျန် ဗုံးသီးဟောင်း ၄ လုံးတွေ့ရှိ




အင်းဝ(စစ်ကိုင်း)တံတား အဆင်းရှိ တကောင်း၊ ပန်းတော ရပ်ကွက်မှ နေအိမ်တစ်ခုတွင် အောက်တိုဘာ လ ၅ ရက်နေ့က မိလ္လာကျင်း တူးရာမှ ဂျပန် ခေတ်လက်ကျန်ဗုံးသီးဟောင်း ၄ လုံးတွေ့ရှိခဲ့ကြောင်း သတင်းရ ရှိသည်။
အဆိုပါဗုံးသီးများတွေ့ရှိ ခဲ့သည့်နေအိမ်မှာ ၁၉၄၅ ခုနှစ်ဝန်း ကျင်က ဂျပန် ကင်ပေတိုင်စစ်ဌာန ရုံးအခြေချ ဖွင့်လှစ်ခဲ့သော နေအိမ်ခြံ ဝင်းဖြစ်ေ ကြာင်း သိရှိရသည်။




ဂျပန်ခေတ်လက်ကျန်ဗုံးသီး ဟောင်းများကို မိလ္လာကျင်းတူးစဉ် ၅ ပေခန့်အရောက်တွင် တွေ့ရှိခဲ့ ခြင်းဖြစ်ပြီး ဆ.အ.ရ ၉၀၉ တပ်ခွဲ (၂)မှ ဒုအရာခံဗိုလ်နှင့် တာဝန်ရှိသူအ ချို့လာရောက်စစ်ဆေး ဆောင် ရွက်မှုများ
ပြုလုပ်ခဲ့သည်။

"ဗုံးသီး တွေက တော်တော်လေး ဆွေးမြည့် နေပြီးပေါက်ကွဲမှု မဖြစ်နိုင်တော့ ပါဘူး။ ပန်ကာ ဒလက်တွေလည်း မပါတော့ဘူး"ဟု လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် တာဝန် ရှိသူတစ်ဦးက ပြောပါသည်။

"ဒီခြံဝင်းထဲမှာ ဂျပန်ခေတ်က ကင်ပေတိုင် စစ်ရုံးဖွင့်ခဲ့တယ်။ အဲဒီ တုန်းက အမြောက်ကြီး တစ်လက် အိမ်ရှေ့မှာ ချထားတာ မှတ်မိသေး တယ်။ နောက်မှ ပြန်သိမ်းသွားတာ။ အဲဒီခေတ်တုန်းက နှစ်ထပ်အိမ်၊ အိမ်ကြီး အိမ်ကောင်း ဆိုရင် သူတို့ အခြေစိုက် ရုံးဖွင့်တာပဲလေ။ နောက် ပိုင်း တစ်မြို့လုံးဗုံးကျဲခံရပြီး ဒီခြံထဲမှာလည်း ဗုံးကျင်းတွေအ များကြီးပဲ။ မပေါက်ကွဲပဲ ကျန်ခဲ့တဲ့ ဗုံးသီးတွေဖြစ်နိုင်တယ်"ဟု အဆိုပါ ခြံဝင်းအတွင်း နေထိုင်လျက်ရှိသည့် ဦးထွန်းပိုင်က ပြောပြပါသည်။

တွေ့ရှိသည့်ဗုံးသီးဟောင်း များမှာ အရှည်တစ်ပေခွဲ၊ လုံးပတ် တစ်ပေ ပတ်လည်တစ်လုံး၊အရှည် တစ်ပေ၊လုံးပတ် ၁၁ လက်မတစ် လုံး၊အရှည် ၁၁ လက်မ၊လုံးပတ် ၁၁ လက်မနှင့်အရှည် ၅ လက်မ၊လုံးပတ် ၅ လက်မခွဲတစ် လုံးဖြစ်ကြောင်း သိရသည်။
From-EMG

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template