ကမ္ဘောဇဘဏ် ကောလာဟလ ဗဟိုဘဏ်ရှင်းမည် - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, October 5, 2012

ကမ္ဘောဇဘဏ် ကောလာဟလ ဗဟိုဘဏ်ရှင်းမည်



ရန်ကုန်၊ အောက်တိုဘာ-၅

ကမ္ဘောဇဘဏ်နှင့် ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က MRTV-4 နှင့် Sky Net တို့မှတစ်ဆင့် ယနေ့ညနေ ၆ နာရီမတိုင်မီ ထုတ်ပြန်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဘဏ်ပြန်ကြားရေးတာဝန်ခံ ကိုသီဟအောင်ကပြောသည်။






ထို့အပြင် ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်ဗဟိုဘဏ်တွင် အောက်တိုဘာ ၆ ရက် (စနေနေ့)၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟုလည်း သိရသည်။

ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့် ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလနှင့် ပတ်သက်၍ ဦးအောင်ကိုဝင်းသည် အောက်တိုဘာ ၄ ရက် နံနက်က ဖွင့်လှစ်သည့် သုဝဏ္ဏဘဏ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း ကိုသီဟအောင်ကပြောသည်။

အောက်တိုဘာ ၁ ရက်နှင့် ဧပြီ ၁ ရက်တို့သည် ဘဏ်များတွင် အတိုးနှုန်းများ ထုတ်ပေးရန် စာရင်းပိတ်သည့်နေ့ (ဘဏ်ပိတ်ရက်)ဖြစ်ပြီး အတိုးနှုန်းများကို ၅ ရက်နေ့အထိ ထုတ်ပေးလေ့ရှိသည်။

"ဒီကောလာဟလက တစ်ဦးတစ်ယောက်က လွှင့်လိုက်တာပါ။ ဒါက နှစ်တိုင်းလုပ်နေကျပဲ။ ၂၀၀၃ ခုနှစ်နောက်ပိုင်း ဗဟိုဘဏ်က ပိုခိုင်မာအောင် လုပ်ထားတယ်။ အာမခံတွေလည်းထားတယ်။ အစိုးရကလည်း တရားလက်လွတ် လုပ်လို့မရအောင် စည်းမျဉ်းတွေနဲ့ ထိန်းထားတယ်"ဟု ဦးအောင်ကိုဝင်းနှင့် အလားတူ နာမည်ထွက်လာသည့် ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က 7Day News သို့ ပြောသည်။

လကုန်ပြီးရက်များမှ စတင်ကာ ငွေကြေးအပ်နှံသူများက ဘဏ်အခြေအနေအပေါ် စိုးရိမ်မှုများနှင့် ငွေကြေးများ ပြန်ထုတ်နေသည်ဆိုသည့် သတင်းများ ပျံ့နှံ့လျက်ရှိသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template