အာဏာရှင်လက်အောက် ဆုံးရှုံးခဲ့တဲ့ အချိန်တွေ အတွက် ကြိုးပန်းကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း - NAING NAING SANAY MYANMAR NEWS
Headlines News :

Wednesday, October 3, 2012

အာဏာရှင်လက်အောက် ဆုံးရှုံးခဲ့တဲ့ အချိန်တွေ အတွက် ကြိုးပန်းကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း



RFA၂၀၁၂ခုနှစ် အောက်တိုဘာလ၂ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့မှာ ပြုလုပ်တဲ့အမေရိကန် ပြည်ထောင်စု အနောက်ဖက်ခြမ်းက မြန်မာတွေနဲ့ တွေ့ဆုံပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုနေစဉ်။
  မြန်မာနိုင်ငံဟာ နှစ် ၅၀ ကျော် စစ်အာဏာရှင် စနစ်အောက်မှာ နေခဲ့ရတဲ့အတွက် တခြားနိုင်ငံတွေ နဲ့ရင်ပေါင်တန်းနိုင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းရတော့မယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်က လော့စ်အိန်ဂျလိစ်မြို့မှာ ပြုလုပ်တဲ့ အမေရိကန် ပြည်ထောင်စု အနောက်ဖက်ခြမ်းက မြန်မာတွေနဲ့ တွေ့ဆုံပွဲ မှာ ပြောကြားလိုက်ပါတယ်။ 


ဒါ့အပြင် ကချင်တိုင်းရင်းသား အရေးမှာလည်း NLD ပါတီအနေနဲ့ တတ်နိုင်သမျှ ကူညီနေတယ်လို့ ပြောဆိုသလို၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရဖို့ ကိစ္စဟာ ဖယ်ဒရယ်စနစ်ကို လက်ခံနိုင်ဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး လော့စ်အိန်ဂျလိစ်မြို့မှာ သွားရောက် သတင်းယူနေတဲ့ အာအက်အေ အဖွဲ့သား ကိုနေရိန်ကျော်က အခုလို သတင်းပေးပို့ ထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template