မြန်မာအလုပ်သမား ၁၇ ဦး ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရ - NAING NAING SANAY MYANMAR NEWS
Headlines News :

Wednesday, October 3, 2012

မြန်မာအလုပ်သမား ၁၇ ဦး ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရ




ထိုင်းနိုင်ငံ တောင်ပိုင်းက Trang လို့ ခေါ်တဲ့ မြို့နယ်ထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို ထိုင်းရဲတွေက သတင်းအရ အင်္ဂါနေ့မှာ သွားရောက် ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းသတင်းမှာ ဖော်ပြထားချက်အရဆိုရင် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ၀င်လာတဲ့ လမ်းကြောင်းဟာ ကော့သောင်း-ရနောင်းလမ်းဖြစ်တယ်လို့ ရေးထားပါတယ်။

“မြန်မာနိုင်ငံမှာဆိုရင် တနေ့ ဘတ်ငွေ ၅၀ လောက်ပဲရတယ်၊ ထိုင်းနိုင်ငံမှာ တနေ့ ၂၇၀ ကနေ ၃၅၀ လောက်ရတယ်၊ ၀င်ငွေကောင်းတော့ ဒီမှာ လာလုပ်တာပါ” ဆိုပြီး ဖမ်းဆီးခံရသူတွေက ထွက်ဆိုပါတယ် တဲ့။

သူတို့ကို လူဝင်မှု ကြီးကြပ်ရေး (လ၀က)ကနေ တဆင့်  မြန်မာနိုင်ငံဘက်ကို ပြန်ပို့ မယ်လို့ သိရပါတယ်။ 

 http://www.dailynews.co.th/thailand/158635  မှာ ဖော်ပြထားတဲ့ သတင်းနဲ့ဓာတ်ပုံ ဖြစ်ပါတယ်။

 

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template