မြန်မာ့အင်တာနက် ပင်လယ်ရေအောက် ကေဘယ်လ် ဆက်ကြောင်းသစ်ဖြင့် ချိတ်ဆက်မည် - NAING NAING SANAY MYANMAR NEWS
Headlines News :

Wednesday, October 3, 2012

မြန်မာ့အင်တာနက် ပင်လယ်ရေအောက် ကေဘယ်လ် ဆက်ကြောင်းသစ်ဖြင့် ချိတ်ဆက်မည်



အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း SE ME WE 3 အင်တာနက်ဆက်ကြောင်း သက်တမ်းပြည့်ခါနီးပြီဖြစ်၍ အင်တာနက်ဆက်ကြောင်း အသစ်ဖြစ်သော SE ME WE 5 ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမ

ှ သတင်းရရှိသည်။ လက်ရှိ အဆိုပါ SE ME WE 3 အင်တာနက်ဆက်ကြောင်းဖြင့် နိုင်ငံပေါင်း ၃၄ နိုင်ငံ အသုံးပြုလျက်ရှိပြီး SE ME WE 3 ၏ သက်တမ်းမှာ နှစ်ပေါင်း ၃၀ ကျော် ဝန်းကျင်ဖြစ်ပြီး၊ ယခုအခါ နှစ် ၂၀ ကျော်လာပြီဖြစ်၍ ထိုကဲ့သို့ အင်တာနက် ဆက်ကြောင်းသစ်ဖြင့် ချိတ်ဆက်အသုံးပြုသွားမည်
 ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 အဆိုပါ SE ME WE 5 အင်တာနက် ဆက်ကြောင်းသစ်နှင့် ချိတ်ဆက်ရန်အတွက် စင်ကာပူနိုင်ငံမှ ကမကထ ပြုလုပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ချိတ်ဆက် အသုံးပြုသွားမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအရ cross border transmission capacity တိုးချဲ့ခြင်းနှင့် အဓိက ဖိုင်ဘာလမ်းကြောင်းများကို တည်ဆောက်ရန်အတွက် မူဆည်-မန္တလေး-ရန်ကုန်-ပုသိမ်-ချောင်းသာ ဖိုင်ဘာဆက်ကြောင်းကို China Unicom နှင့် ပူးပေါင်း၍ တည်ဆောက်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသ

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template