ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မူ နိုဘယ်လ် ဆုရှင် ဒေါက်တာ ယူနိုး ကျေညာချက်ထုတ်၊ ပြန်ကြားရေး ၀န်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ - NAING NAING SANAY MYANMAR NEWS
Headlines News :

Thursday, October 4, 2012

ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မူ နိုဘယ်လ် ဆုရှင် ဒေါက်တာ ယူနိုး ကျေညာချက်ထုတ်၊ ပြန်ကြားရေး ၀န်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ



ဘင်္ဂလာဒေခ်ျ့ နိုင်ငံက  ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေနဲ့  ဗုဒ္ဓဘာသာ
ဝင်များရဲ့  နေအိမ်တွေကို မီးရှို့တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး  နိုဘယ်လ် ငြိမ်းချမ်းရေး

ဆုရှင် ဒေါက်တာ မူဟာမတ် ယူနိုးမှ ကျေညာ ချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး
သတင်း ပြန်ကြားရေး ၀န်ကြီး ဟာဆန်နုရ်ဟုပ် အီနုရ် ကတော့  လမ်းပေါ်ထွက်
ဆန္ဒပြခဲ့ပါတယ်။

ကျေညာချက်ထဲမှာ ငြိမ်းချမ်းရေး ဆုရှင် ဒေါက်တာ ယူနိုးက အခု တိုက်ခိုက်မူကို
ဘာသာရေး လွတ်လပ်ခွင့်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ သမိုင်းမှာ Black Incident  အဖြစ် သတ်မှတ်ရမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဒါ့အပြင် သူက တိုက်ခိုက်မူတွင် ပါဝင်သူတွေကို သေချာ စစ်ဆေးးပြီး အရေး
ယူသွားဖို့နဲ့  ဘင်္ဂလာဒေခ်ျ့ နိုင်ငံရဲ့ လူမျိုးရေးအရ တန်းတူ ညီမျှမူနဲ့ သဟဇာတ ဖြစ်မူကို မြင့်တင်ကြဖို့ မေတ္တာရပ်ခံ ဆော်သြ လိုက်ပါတယ်။

လူမျိုးရေး ဘာသာရေး အစွန်းရောက် သမားတွေကို ဆန့်ကျင်တဲ့ နေရာမှာလည်း
အားလုံး အတူ တကွ ရပ်တည် တိုက်ပွဲဝင် ကြဖို့လည်း ပြောဆိုလိုက်ပါတယ်။

ဒေါက်တာ ယူနိုးဟာ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်သာမက Grameen ကျေးလက်
ဘဏ်တစ်ခုကို စတင် ထူထောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ကျေးလက် ဒေသက ဆင်းရဲ
နွမ်းပါးတဲ့ ပြည်သူတွေကို အတိုးနည်းနည်းနဲ့ ငွေထုတ်ချေးပြီး စီးပွားရေး
လုပ်ငန်းတွေကို ချပေးခဲ့တဲ့ အတွက် သူ့ရဲ့ ဘဏ်လုပ်ငန်းဟာ အောင်မြင်မူ
အကြီးအကျယ် ရရှိခဲ့ပါတယ်။

အလားတူ ဘင်္ဂလာဒေခ်ျ့ သတင်းနဲ့ ပြန်ကြားရေး ၀န်ကြီး ဟာဆန်နုရ်ဟုပ်
အီနုရ်ကလည်း ဒက္ကားမြို့ အမျိုးသား သတင်းထောက် အသင်းရုံးရှေ့ကို သွားပြီး ဘင်္ဂလာဒေခ်ျ့ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ဝင်တွေနဲ့ လက်ချင်းချိတ်ကာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ မိသားစုဝင်တွေ အပေါ် တိုက်ခိုက်ခဲ့တာကို ကန့်
ကွက် ဆန္ဒပြခဲ့ပါတယ်။

သူက အခု တိုက်ခိုက်မူဟာ ကြိုတင် စီမံထားတဲ့ လုပ်ကြံမူကြီး တစ်ခု ဖြစ်ပြီး
တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖျက်လို ဖျက်ဆီး လုပ်လိုသူတွေရဲ့
လက်ချက်လို့ စွပ်စွဲ ပြောဆိုပါတယ်။

ရာချီရှိတဲ့ ဘင်္ဂလာဒေခ်ျ့ ကွန်မြူနစ်ပါတီဝင်တွေကလည်း အမျိုးသား သတင်း
စာတိုက်ကို သွားပြီး တိုက်ခိုက်မူ အပေါ် ဆန့်ကျင် ကန့်ကွက်
ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီမှာ တက်ရောက်ခဲ့တဲ့ ကွန်မြူနစ်ပါတီ ခေါင်းဆောင် တစ်ဦးက လက်ရှိ
အစိုးရနဲ့ အတိုက်အခံ ပါတီတို့ကို တစ်ဦးနဲ့ တစ်ဦး ဆက်လက်ပြီး
အပြစ်ပုံချကာ  နိုင်ငံရေး ကစားနေကြရင်တော့ အမှန်တကယ် ပြစ်မူ
ကျူးလွန်သူတွေကတော့ ကြားထဲမှာ ထွက်ပြေး လွှတ်မြောက်သွားလိမ့်မယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

တခြား လူမူ အဖွဲ့အစည်း (၉) ခုကလည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗုဒ္ဓဘာသာမိသားစုဝင်တွေရဲ့ နေအိမ်တွေကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး
ကန့်ကွက် ဆန္ဒပြပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template