ရုပ်ရှင်ထဲမှ လူရမ်းကားများသဖွယ် ဒုတ်၊ ဓါး လက်နက်ဆွဲကိုင်ထားသည့် လူ ၁၀ ကျော် အိမ်ပေါ်အထိ ဝင်ရောက်တိုက်ခိုက် - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, October 5, 2012

ရုပ်ရှင်ထဲမှ လူရမ်းကားများသဖွယ် ဒုတ်၊ ဓါး လက်နက်ဆွဲကိုင်ထားသည့် လူ ၁၀ ကျော် အိမ်ပေါ်အထိ ဝင်ရောက်တိုက်ခိုက်









၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့  မနက် ၁.၀၀ ခန့်တွင် မြိတ်မြို့၊မြေနီလမ်းရှိ အိမ်အမှတ် (၆၂)နေ ကိုဝင်း+ မသီ တို့၏ နေအိမ်အား မင်းမဲ့စရိုက်ဆန်ဆန် ရုပ်ရှင်ထဲမှ လူရမ်းကားများသဖွယ် ဒုတ်၊ ဓါး လက်နက်ဆွဲကိုင်ထားသည့် လူ ၁၀ ကျော် အိမ်ပေါ်အထိ ဝင်ရောက်တိုက်ခိုက်ကြရာ အိမ်ပိုင်ရှင် ကိုဝင်းမှာ ဦးခေါင်းအနောက်ဘက် နှင့် လက်  ဓါးဒဏ်ရာဖြင့် မြိတ်မြို့ဆေးရုံကြီး အတွင်းလူနာအဖြစ် တင်ထားနေရဆဲဖြစ်သည်။

ည ၁၁.၃၀ ခန့်တွင် မြိတ်မြို့ အဝေးပြေးကားဝင်းအတွင်းရှိ ရွှေရည်ဖြိုးစားသောက်ဆိုင်အတွင်း Danger အဖွဲ့မှာ ဝင်ရောက်ရမ်းကားခဲ့ရာတွင် တံခါးမကြီးအား ဓါးဖြင့်ခုတ်ခွဲ ဝင်ရောက် ရမ်းကားနေစဉ် ကိုဝင်း၏ တူတော်သူမှ ထမင်းစားရန်ရောက်ရှိသွားပြီး ၊ ၄င်းအဖွဲ့မှ ခေါ်ယူ ထိုးနက်ခဲ့ရာ ဆိုင်ရှင်မှ တောင်းပန်ပြီး ကိုဝင်းတို့အိမ်ရှိရာသို့ ကိုယ်တိုင်လိုက်လံပို့ဆောင်ခဲ့ပါသည်။ ပြန်ရောက်ပြီး ခဏအကြာတွင် ဆိုယ်ကယ်စီ မူးယစ်ဆေးဝါး အဖွဲ့မှရောက်ရှိလာပြီး အိမ်သားအားလုံးကို တုတ်၊ ဓါးလက်နက်ဖြင့် ထိုးခုတ်ကြရာ အိမ်ရှင်အမျိုးသမီးပါမကျန် လိုက်လံခုတ်ကြသည်ဟု အိမ်ပိုင်ရှင် မသီမှပြောပါသည်။
ကိုဝင်းမှ ၄င်းမူးယစ်ဆေးဝါးအဖွဲ့နှင့် ရန်ငြိုးလုံးဝ မရှိ မမြင်ဖူးကြောင်း သူအား ယခုကဲ့သို့ဓါးဖြင်းအသေလိုက်ခုတ်မည့်ဟုပင် မထင်ကြောင်းနှင့် သားဖြစ်သူမှ ကိုဝင်းအား အတင်း ဝင်ရောက်ချီပွေ့ပြီး ထွက်ပြေး ကယ်ဆယ်လိုက်တာဖြစ်ကြောင်းသိရပါသည်။ အိမ်အား ဓါးဖြင့်ခုတ်ထစ်ထားပြီး ဆိုင်ကယ် ၃ စီးအား ဖျက်ဆီးထားခဲ့သည်။

အလာတူအဖြစ်မျိုး မြိတ်မြို့တွင် များစွာ ပေါ်ပေါက်ခဲ့ဖူးကြောင်း နှင့် သက်ဆိုင်ရာမှ အဆိုပါ အဖွဲ့အား မည်သည့်အကြောင်းကြောင့်မှန်းမသိ ထိရောက်စွာ အရေးယူမှု မရှိကြောင်း သိရပါတယ်။

ထိုလူရမ်းကားများမှာ Danger အမည်ရှိသည့် မူးယစ်ဆေးဝါး အဖွဲ့မှဖြစ်ကြောင်း နှင့် ထိုအဖွဲ့အတွင်းပါဝင်သည့် ခေါင်းဆောင် ၃ ဦးမှာ ရေပုန်းရပ်မှ သာအေး ၊ မြိတ်တောင်ရပ်မှ ဘကျော် ၊ နောက်လယ်ရပ်မှ ရေချမ်း တို့မှဦးဆောင်ပြီး အဖွဲ့ဝင်များစွာရှိကြောင်းသိရပါတယ်။


No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template