လေယာဉ်မောင်း သင်တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်နေ - NAING NAING SANAY MYANMAR NEWS
Headlines News :

Friday, October 5, 2012

လေယာဉ်မောင်း သင်တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်နေ



ပြည်တွင်း လေယာဉ်မောင်း သင်တန်းကျောင်း တစ်ခုကို မကွေးလေယာဉ်ကွင်း၊ မုံရွာလေယာဉ်ကွင်း၊ ပုသိမ်လေယာဉ်ကွင်းတို့တွင် လေကြောင်းလိုင်းနှင့် ပတ်သက်၍ Air Traffic လွတ်ကင်းသော နေရာတွင်
 လေယာဉ်မောင်း သင်တန်းကို ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း လေကြောင်းပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ပြောပြချက်အရ သိရသည်။ ယခင်က မလေးရှားနိုင်ငံမှ ကုမ္ပဏီတစ်ခုသည် Asia Pacific Training School နှင့် ပူးပေါင်းပြီး မန္တလေးအပြည်ပြည်ဆိုင်ရာ
 လေဆိပ်တွင် လေယာဉ်မောင်း သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ရန် အဆိုပြု တင်သွင်းထားသော်လည်း ချမ်းမြသာစည် လေဆိပ်သည် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်ပြီး လေယာဉ်မောင်း သင်တန်းကျောင်းနှင့်
တွဲ၍လုပ်ကိုင်ပါက လေကြောင်းလိုင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် ခွင့်ပြုခဲ့ခြင်းမရှိကြောင်း။

 လေကြောင်းလိုင်းနှင့် ပတ်သက်၍ Air Traffic လွတ်ကင်းသော နေရာဖြစ်သော မကွေးလေယာဉ်ကွင်း၊ မုံရွာလေယာဉ်ကွင်းတို့တွင် လေယာဉ်မောင်း သင်တန်းကျောင်းကို ခွင့်ပြုပေးရန် အစီအစဉ်ရှိကြောင်းကို
 ပြောကြားသည်။

 “လေယာဉ်မောင်း သင်တန်းကျောင်းဟာ ပြည်ထောင်စု ဝန်ကြီးရဲ့ ပြည်တွင်းပြည်ပ ခရီးစဉ်ပေါင်း ၁၂၀ ကျော် ပျံသန်းပြေးဆွဲလျက် ရှိသည်။ နောင်တွင် လေယာဉ်အစင်းပေါင်း ၁၇၀ ကျော်ဖြင့် ခရီးစဉ်ပေါင်း ၁၇၀ ကျော် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၁၂ ခုနှစ်တွင် Baku (Azerbaijan), Tbilisi (Georgia), Zagreb (Croatia), Perth (Australia), Kigali (Rwanda), Kilimanjaro (Tanzania), Baghdad (Iraq), Erbil (Iraq), Maputo (Mozambique), Belgrade (Serbia) နှင့် Warsaw (Poland) တို့သို့ တိုးချဲ့ပျံသန်း ပြေးဆွဲခဲ့ကြောင်း သိရှိရသည်။
 

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template