၂၀၁၂ မော်ဒယ် ကားအမျိုးအစားများ တင်သွင်းခွင့်ရတော့မည်ဟု သတင်းများထွက်ပေါ် - NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, October 1, 2012

၂၀၁၂ မော်ဒယ် ကားအမျိုးအစားများ တင်သွင်းခွင့်ရတော့မည်ဟု သတင်းများထွက်ပေါ်



၂၀၁၂ မော်ဒယ်ကားအမျိုးအစားများ တင်သွင်းခွင့်ရတော့မည်ဟု ကာအကျိုးဆောင်အသိုင်းအ၀ိုင်း တွင် သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း ကားပွဲစားများထံက သိရသည်။

ယခင်က ကားတင်သွင်းရာတွင် ၂၀၀၇ မော်ဒယ်မှ ၂၀၁၁
မော်ဒယ်အထိသာ တင်သွင်းခွင့်ရခဲ့ပြီး၊ ယခု ၂၀၁၂
မော်ဒယ်များတင်သွင်းခွင့်ရလျှင် အသစ်ဈေးနှုန်းဖြင့် တင်သွင်းခွင့်ရမည်ဖြစ်ကြောင်းကိုလည်း ပြောဆိုနေကြသည်။

ထိုကဲ့သို့ ၂၀၁၂ ကားမော်ဒယ်များပါ တင်သွင်းခွင့်ပြုခဲ့ပါက ကားပွဲစားများထံတွင် အရောင်းအ၀ယ် အေးသွားနိုင်ပြီး၊ show room များမှာ အရောင်းသွက်လာနိုင်ကြောင်း ဟံသာဝတီကားရောင်းဝယ်ရေး စခန်းမှ ပွဲစားတစ်ဦးက ပြောသည်။


“အဲ့လို ၂၀၁၂ မော်ဒယ်တွေသာ တင်သွင်းခွင့်ရမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ နယ်က၀ယ်လက် တွေလောက်ပဲ အ၀ယ်ရှိတော့မယ် ထင်တယ်” ဟု ဟံသာဝတီကားရောင်းဝယ်ရေးစခန်းမှ လုပ်သက်

(၂၅) နှစ်ရှိပွဲစားတစ်ဦးက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအရ Car Show room အရေအတွက်များမှာ ကုမ္ပဏီပေါင်း (၉၀)ကျော်ပြီဖြစ်သည်။


“၂၀၁၂ မော်ဒယ်တွေ တင်သွင်းခွင့်ပြုလိုက်မယ်ဆိုရင်၊ ဖရီးပါမစ်တွေ ရသွားနိုင်ပါတယ်၊ အခုက အသက်(၁၈)နှစ်ကျော်ရင် ဘဏ်အကောင့်

ဖွင့်ပြီးပဲ ကားဝယ်လို့ရသေးတာ ဖရီးပါမစ်မရသေးဘူးလေ။” ဟု အဆိုပါ ပွဲစားက လုပ်သက်ရင့်ပွဲစားက ဆက်ပြောသည်။

ယခုအချိန်တွင် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာမူဝါဒများကြောင့် ရန်ကုန်မြို့၏ လမ်းမများပေါ်၌ မော်ဒယ်မြင့်ကားများ အရေအတွက်မှာ သိန်းဂဏန်းခန့်ရှိနေပြီဖြစ်သည်။


`Open ပေးလိုက်မယ်ဆိုလို့ရှိရင် ၀ယ်တဲ့သူတွေလည်း အဆင်ပြေသွားမယ်။ ပါမစ်ရောင်းတဲ့ ကိစ္စတွေလည်း ရှင်းသွားမယ်။ ကားဈေးလေးတော့ နည်းနည်းတက်သွားမယ် ထင်တယ်။ ၀ယ်လို အားနည်းရင်တော့

ဈေးကျမှာပဲ။´ဟု Myo Motor service ကုမ္ပဏီမှ ကိုအောင်မျိုးဝင်းက သုံးသပ်ပြောဆိုသည်။

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာမူဝါဒများမှာ စတင်သတ်မှတ်သော

၂၀၁၁၊ စက်တင်ဘာ (၁၁) ရက်နေ့မှစ၍ ယခုအချိန်ထိမူဝါဒ (၈)ကြိမ်
ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ မူဝါဒပြောင်းလဲမှုများကြောင့် ကားလောကတွင် အကျိုး

ရှိသွားသောပုဂ္ဂိုလ်များရှိသလို၊ ဆုံးရှုံးသွားသော ပုဂ္ဂိုလ်များလည်း ရှိခဲ့ကြောင်း ကားလောကအသိုင်းအ၀ိုင်းက ပြောဆိုနေကြသည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template