ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်တွင် အခြေစိုက်ရန်ကြိုးပမ်း မှုအား ဆန္ဒပြကန့်ကွက်သွားမည် - NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, October 1, 2012

ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်တွင် အခြေစိုက်ရန်ကြိုးပမ်း မှုအား ဆန္ဒပြကန့်ကွက်သွားမည်



စစ်တွေ၊အောက်တိုဘာလ ၁။
ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) သည် ရခိုင်ပြည်နယ်တွင်း အခြေစိုက်၍ ရခိုင်လူမျိုးတို့နှင့်ဘင်္ဂါလီလူမျိုးတို့အတူယှဉ်တွဲ နေထိုင်နိုင်ရန်
နှင့်ဘာသာရေးလုပ်ငန်းများလုပ်ဆောင်မည့်အစီအစဉ်အား အစိုးရအဖွဲ့မှခွင့်ပြုမည်ဟု ကြားသိရသောကြောင့် ရခိုင်လူမျိုးများအနေဖြင့် ဆန္ဒပြကန့်ကွက်သွား မည်ဖြစ်ကြောင်းကို စစ်တွေမြို့ရှိ ၀ံလက်ဖောင်ဒေးရှင်းမှ အမှုဆောင် ဦးသိန်းဝင်း ကပြောသည်။



စစ်တွေမြို့တွင် အောက်တိုဘာလ ပထမပါတ်အတွင်း OIC အဖွဲ့အား ခွင့်မပြုနိုင်ကြောင်း စစ်တွေမြို့ရှိ သံဃာတော်များ၊ မြို့မိမြို့ဖများ၊ကျောင်း သားလူငယ်များက လက်မှတ်ရေးထိုး၍နိုင်ငံတော်သမ္မတအား တင်ပြ မည်ဖြစ်ကြောင်းနှင့် အောက်တိုဘာ ၄ ရက်နေ့တွင် ရခိုင်အမျိုးသမီးထုမှ ရခိုင်အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ဘ၀လုံခြုံရေးနှင့်အေးချမ်း စွာနေထိုင်ရေးအ တွက် အတူယှဉ်တွဲမနေထိုင်နိုင်ကြောင်း ဆန္ဒပြတောင်း ဆိုမည်ဖြစ်ကြောင်း သိရသည်။


“မြို့ပေါ်မှာကော၊ပြည်နယ်အတွင်းမှာဘယ်နေရာမှာမှ ဘ၀လုံခြုံရေး အတွက် အာမခံချက်မပေးနိုင်ဘူး၊လူတိုင်းကကျီး လန့်တစားဖြစ်နေတယ် ၊တစ်နေ့ကိုတစ်နေရာမှာ ပြသနာတက်တယ်ဆိုပြီး အသံတွေထွက်နေ ကြတော့ အမြဲတမ်းစိုးရိမ်နေကြ တယ်၊ဒါကြောင့်ဘယ်လိုမှအတူယှဉ်တွဲနေ ထိုင်လို့မဖြစ်ဘူး”ဟု ဦးသိန်းဝင်းက ဆိုသည်။


အဆိုပါကိစ္စနှင့်ဆက်လျဉ်း၍ ရခိုင်အမျိုးသမီးထုမှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးများသို့ ဆန္ဒပြခွင့်လျှောက် ထားခဲ့ကြောင်းသိရပြီး ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်အတွင်း အခြေမစိုက်ရေး၊စစ်တွေမြို့အတွင်း ရှိ အင်ပါလာရပ်ကွက်(ဘင်္ဂါလီရပ်ကွက်) အား မြို့အတွင်းမှပြောင်းရွေ့ပေးရေးနှင့် ရခိုင်အမျိုးသမီးများနှင့် ကလေးသူ ငယ်များ၏ ဘ၀လုံခြုံရေးနှင့် အေးချမ်းစွာနေထိုင်ရေးအတွက် အတူယှဉ်တွဲ မနေထိုင်နိုင်ရေး တို့အားတောင်းဆိုဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။


အောက်တိုဘာလ ၄ ရက်နေ့တွင် ဆန္ဒပြမည့်အစီအစဉ်အား သက် ဆိုင်ရာဒေသအာဏာပိုင်များနှင့် ပြည်နယ်အစိုးရမှ လက်ရှိရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသည့်ပြသနာများကြောင့် ၁၄ ရက်ခန့်ရက်ရွေ့ဆိုင်း ရန်နှင့် တောင်းဆိုမှုအစီအစဉ်များ အား နေပြည်တော်ရှိအစိုးရအဖွဲ့သို့ တင်ပြထားကြောင်းသိရပြီး အဆိုပါတောင်းဆိုချက်များအား လိုက်လျော ပေးခြင်းမရှိပါက ရခိုင်အမျိုးသမီးထုကိုယ်စား “အစိုးရကခွင့်မပြုရင်လမ်းပေါ်အကုန်ထွက်မယ်”ဟု မြို့မိမြို့ဖရခိုင်အမျိုး သမီးကြီးတစ်ဦးကပြော သည်။


“နိုင်ငံတကာရုံးတစ်ရုံးလာဖွင့်တဲ့ကိစ္စက ပြည်နယ်အစိုးရအနေနဲ့ ဆုံးဖြတ်လို့ရမှာမဟုတ်ဘူး၊နေပြည်တော်မှာရှိတဲ့ အစိုးရအဖွဲ့ကဘဲဆုံးဖြတ်ပေးနိုင်လိမ့်မယ်၊၁၄ ရက်လောက်ရွေ့ဆိုင်းတယ် ဆိုတာကိုတော့ လူထုကလက်ခံထားတယ်”ဟု သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းမှ တာဝန်ရှိသူကပြောသည်။


ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုသည့် ၄ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီးရခိုင်ပြည်နယ်အတွင်းလုံခြုံရေးအတွက် တာဝန်ယူလျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏အိုးအိမ်များပင်လွမ်းမောလျက်ရှိနေ ကြောင်းကို “ကျနော်တို့ရဲ့အိမ်မက်က အိမ်ကိုဘဲပြန်ရောက်နေတယ်” ဟု လုံခြုံရေးတာဝန်ကျနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ရင်း(၆)မှ အရာရှိတစ်ဦးကဆိုသည်။
မင်းခဏ့်

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template