သာကေတ ယုဇနဆီအုန်းစက်ရုံ အနံ့မထွက်ရန် ညွှန်ကြားထား - NAING NAING SANAY MYANMAR NEWS
Headlines News :

Thursday, October 4, 2012

သာကေတ ယုဇနဆီအုန်းစက်ရုံ အနံ့မထွက်ရန် ညွှန်ကြားထား



ရန်ကုန်၊ အောက်တိုဘာ ၃

သာကေတမြို့နယ်၊ ရှုခင်း သာရပ်ကွက် အတွင်းရှိ ယုဇနကုမ္ပဏီပိုင် စားအုန်းဆီစက်ရုံမှ ထွက်ရှိသော ဆီအုန်း အနံ့ဆိုးများနှင့် ပြာမှုန်များ လွင့်စင်မှုစသည့် ကိစ္စများနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး
ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး တတိယနေ့တွင် သာကေတ မဲဆန္ဒနယ် အမှတ် ၂မှ ဦးဇော်ဝင်းနိုင်က လွှတ်တော်၏ မေးခွန်းမေးခြင်း ကဏ္ဍတွင် အောက်တိုဘာ ၁ရက်နေ့ကထည့် သွင်းမေးမြန်းခဲ့သည်။


ဦးဇော်ဝင်းနိုင်က ““သာကေတမြို့နယ် ရှုခင်းသာရပ်ကွက်အတွင်းရှိ စားအုန်းဆီစက်ရုံကိစ္စနှင့် စပ်လျဉ်း၍ စက်ရုံပိုင်ရှင် ဦးဌေးမြင့်မှလည်း ရပ်ကွက်နေပြည်သူများ၏ တောင်းဆိုမှုများနှင့် ပတ်သက်၍ ရေစီးရေလာပိတ်ဆို့မှုနှင့် ပြာမှုန့်များထွက်ရှိနေမှုကို အမြန်ဆုံးဖြေ ရှင်းပေးမည်ဖြစ်ကြောင်း၊

အနံ့ဆိုး ထွက်ရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားပညာရှင်များခေါ်ယူပြီး နိုင်ငံခြားငွေများပေးချေ၍ စာချုပ် ချုပ်ဆိုထားပြီးဖြစ်ကြောင်း လိုအပ်သော ပစ္စည်းများရောက်ရှိလာလျှင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ပြည်သူများ တောင်းဆိုနေသော

ယုဇနစားအုန်းဆီစက်ရုံမှ ထွက်ရှိသည့် ပြာမှုန်များနှင့် အနံ့ဆိုးများ ပပျောက်အောင်  သက်ဆိုင်ရာတိုင်း ဒေသကြီးအစိုးရအနေဖြင့် မည်ကဲ့ သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းမေးမြန်းခဲ့ရာ---

ဗိုလ်မှူးကြီးတင်ဝင်း (ရန်ကုန်တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)က

 ““သာကေတမြို့နယ် ရှုခင်းသာရပ်ကွက် ယုဇနဆီအုန်းစက်ရုံမှ ဆီ ချောသန့်စင်မှုကြောင့် ဘေးပတ် ၀န်းကျင်ပြည်သူများမှာ အနံ့ဆိုးများ ရှုရှိုက်နေရသဖြင့် ကျန်းမာရေးနှင့် ပတ်သက်သောထိခိုက်မှု ဝေဒနာများရရှိကြောင်း တင်ပြချက်များအရ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဆပ်ကော်မတီဥက္ကဋ္ဌ ကျွန်တော့်အနေနှင့် ကျွန်တော်တို့ ဆပ်ကော်မတီဝင်များက ၂၅/(၁၀) ပ ၂၀၁၂မှာ ကျွန်တော်တို့ ယုဇနဆီအုန်းစက်ရုံမှာ သွားရောက်စစ်ဆေးခဲ့ပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်တွေလည်းပါပါတယ်။ စစ်ဆေးတဲ့အခါမှာ အနံ့ထွက်တဲ့ကန်က သေးငယ်ပြီး လှယ်တဲ့နေရာမှာလည်း အနံ့ထွက်ရှိခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။

 ကျွမ်းကျင်ပညာ ရှင်များနှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာ ကျွန်တော်တို့စက်ရုံမှတာဝန်ရှိသူများနဲ့ အနံ့ဆိုးတွေပပျောက်အောင် ထပ်မံပြီး ကန်ထပ်တူးဖို့ ထပ်လုပ် ဖို့လမ်းညွှန်ပေးခဲ့ပါတယ်။ ၁၂-၁၂-၂၀၁၁ရက်နေ့မှာလည်း သာကေတမြို့နယ် စည်ပင်သာယာကို ဦးသောင်းရွှေမှ အနံ့ဆိုးများထွက် ရှိကြောင်း ဒုတိယအကြိမ်တိုင်ကြားတဲ့အတွက် ကျွန်တော်တို့ ၂၈-၁၂-၂၀၁၂ရက်နေ့မှာ ကျွန်တော်တို့ဆပ်ကော်မတီတွေ သွားပြီးစစ်ဆေးခဲ့ပါတယ်။ သက်ဆိုင်ရာရပ်မိ ရပ်ဖများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေပါ ခေါ်ပြီး မှ သေချာညှိနှိုင်းပါတယ်။

ယခင် ညွှန်ကြားချက်အရ ညွှန်ကြားတဲ့ ကိစ်္စများကို ဆောင်ရွက်ထားတာ တွေ့ပါတယ်။ကန်ကတော့ ယာယီကန်ပဲ ဖြစ်နေသေးတဲ့အတွက်အနံ့ ပျောက်အောင်လုပ်တဲ့စနစ်က ယာယီကန်လည်းဖြစ်တဲ့အတွက် အနံ့ မထွက်အောင် ထပ်မံညွှန်ကြားခဲ့ပါတယ်။ ၂၈-၂-၂၀၁၁မှာ ထပ်မံ သွားရောက်စစ်ဆေးတဲ့အခါ အနံ့ ဆိုးနဲ့ ပြာမှုန်များထွက်ရှိမှုကြောင့် တိုင်ကြားချက်အရ ယုဇနဆီအုန်း စက်ရုံကို သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းရေးဆပ်ကော်မတီက နေ ညွှန်ကြားချက်အတိုင်းရေဂါလံ တစ်သောင်းဆံ့ Refuse smell (တည်ဆောက်ပြီးမှ) Cold-water circulation system ထည့်သွင်း အသုံးပြုတဲ့အတွက်အနံ့ဆိုးထွက် ရှိမှုဟာ ၈၅ ရာခိုင်နှုန်းလောက် ကိုကျသွားခဲ့ပါတယ်။ ဦးသောင်းရွှေ တို့ကိုပြန်ပြီးမေးတဲ့အခါမှာအနံ့ က တခါတစ်လေမှရတာသွားတွေ့ ပါတယ်။နောက်ပြာမှုန်တွေ လွင့်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ

 ယခင်ညွှန်ကြားချက်အတိုင်းခေါင်းတိုင်အမြင့် ၁၂၀ပေရဲ့ အလယ်မှာ နော်ဇယ် ၄လုံးထပ်ဆင့်ပြီးရေဖျန်း စနစ်နဲ့ပြာတွေဖမ်းယူတဲ့စနစ် ဆောင်ရွက်ထားတာတွေ့ရပါတယ်။ ရေကိုလည်း water circulation system နဲ့ လည်ပတ်စေပါတယ်။ ဒီစနစ်ကိုကျင့် သုံးလိုက်တဲ့အတွက် ပြာ ၉၀ ရာခိုင်နှုန်းလောက် လျော့နည်းသွားတာတွေ့ရပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်များ

 ကရပ်ကွက်များသို့ ပြာမှုန်များ လွင့်စင်စေမှု လျော့ပါးစေသည့် အပြင် အနံ့ထုတ်ကန်မှ စွန့်ပစ်သည့် ရေတွေကိုလည်း water -treatment အနည်စစ်ကန်တွေနဲ့ တပ်ဆင်ပြီး ထုတ်တဲ့စနစ်ကို ဆောင်ရွက်ထားတာတွေ့ရပါ တယ်။ လုံးဝအနံ့ ပျောက်ဖို့အတွက် ကျန်ရှိနေတဲ့ ၁၅ ရာခိုင်နှုန်းကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ထပ်မံ တိုင်ပင်ပြီးမှဆောင်ရွက်ဖို့လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။

လုံးဝ အနံ့ပျောက်ဖို့ကို ဆောင်ရွက်ဖို့ ကိုလည်း ကတိပြုပါတယ်။ ထပ်မံ ပြီးတော့မှပတ်ဝန်းကျင်က ရပ်ကွက် သူရပ်ကွက်သားများကအနံ့ကိုရ ခဲ့လို့ရှိရင် အချိန်မရွေး ကျွန်တော်တို့ဆီဆက်သွယ်ပါ။ ကျွန်တော်တို့ထပ်ပြီးသူတို့ရဲ့ဆောင်ရွက်ချက် ကြည့်ပြီးဒီစက်ရုံပိတ်သင့်၊ မပိတ်သင့် ဆောင်ရွက်ပါမယ်ဆိုပြီးမှာ ကြားခဲ့ပါတယ်””ဟုပြန်လည် ပြော ကြားခဲ့သည်။

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template