ဆူဇူကီး ခြေစစ်ပွဲဝင်မည့် မြန်မာ့ လက်ရွေးစင် အသင်း၏ လူစာရင်း ထုတ်ပြန် - NAING NAING SANAY MYANMAR NEWS
Headlines News :

Thursday, October 4, 2012

ဆူဇူကီး ခြေစစ်ပွဲဝင်မည့် မြန်မာ့ လက်ရွေးစင် အသင်း၏ လူစာရင်း ထုတ်ပြန်



၂၀၁၂ ဆူဇူကီးဖလား ခြေစစ် ပွဲစဉ်များကို ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် အသင်း၏ အပြီးသတ် လူစာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်ရာ သတင်းများ ထွက်ပေါ်နေသကဲ့သို့
ကွင်းလယ်လူ ရာဇာဝင်းသိန်းမှာ အပြီးသတ် လူစာရင်းတွင် ကျန်ရစ်ခဲ့ခြင်း မရှိဘဲ ပါဝင် လာခဲ့သည်။
သို့သော် အောင်သိုက်၊
 ရဲဇော်ထက်အောင်၊ မင်းမင်းသူ၊ မျိုးမင်းလတ်နှင့် ဒဏ်ရာမှ သက်သာလာခြင်း မရှိသည့် ကျော်ကိုကို တို့မှာ အပြီးသတ် လူစာရင်းမှ ချန်လှပ် ခံခဲ့ရသည်။

အောင်သိုက်မှာ ခြေစမ်း ပွဲစဉ်များတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သော်လည်း ယခုအခါ ဒဏ်ရာ ရရှိနေသောကြောင့် အပြီးသတ် လူစာရင်း၌ ပါဝင်မလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နည်းပြချုပ် ပတ်ဆောင်ဟွာသည် ခြေစစ်ပွဲစဉ်များ အတွက် အပြီးသတ် လူရွေးချယ်ရာတွင် ဂျပန် ခြေစမ်းပွဲ ခရီးစဉ်သို့ ခေါ်ဆောင်သွားခဲ့သည့် ကစားသမား (၂၅)ဦး ထဲမှသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းက လက်ရွေးစင် အသင်းသို့ ရွေးချယ်ခဲ့ပြီး ဒဏ်ရာကြောင့် ဂျပန်ခရီးစဉ်ကို လိုက်ပါနိုင်ခြင်း မရှိခဲ့သည့် ၀ါရင့် တိုက်စစ်မှူး ရန်ပိုင်မှာလည်း ယခုအချိန်အထိ ဒဏ်ရာ သက်သာခြင်း မရှိသောကြောင့် အပြီးသတ် လူစာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိပေ။ ယခုရွေးချယ်လိုက်သည့် လူစာရင်းမှာ ခြေစစ်ပွဲစဉ်များ အတွက်သာ ဖြစ်ပြီး မြန်မာအသင်း အနေဖြင့် ခြေစစ်ပွဲအောင်မြင်ပြီး နောက်ဆုံး အဆင့်သို့ တက်ရောက် နိုင်ခဲ့ပါက လူရွေးချယ်မှုများ ထပ်မံပြုလုပ် သွားမည် ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် အသင်း၏ အပြီးသတ် လူစာရင်း
ဂိုး - သီဟစည်သူ၊ ကျော်ဇင်ဖြိုး
နောက်တန်း - ရန်အောင်ဝင်း၊ မိုးဝင်း၊ ဇော်မင်းထွန်း၊ ပြည့်ဖြိုးအောင်၊
အောင်ဇော်၊ သိန်းသန်းဝင်း၊ အောင်ဟိန်းကျော်၊ သက်နိုင်
ကွင်းလယ် -  ခင်မောင်လွင်၊ ကြည်လင်း၊ ရာဇာဝင်းသိန်း၊ ရန်အောင်ကျော်၊
ဒေးဗစ်ထန်၊ ပိုင်စိုး၊ ကျော်ဇေယျာဝင်း၊ နိုင်လင်းဦး၊ ညီညီမင်း
ရှေ့တန်း - ကောင်းစည်သူ

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template