ရခိုင်ပြည်နယ် မင်းပြားမြို့၌ ဖယောင်းတိုင်မီးဖြင့် စာကျက်နေ သည့် ကျောင်းသူကလေးများ။
ဓာတ်ပုံ-ကောင်းထက်နိုင်ငံတော်အတွက် အရည်အချင်းရှိသော လူ့အရင်းအမြစ်များ၊ တတ်သိ ကျွမ်းကျင် စီမံခန့်ခွဲအုပ်ချုပ်တတ်သူများ၊ ပညာရှင်များ၊ မျိုးဆက်သစ်ခေါင်းဆောင် များ ပေါ်ထွက်လာရေးအ တွက် မြန်မာ့ပညာ ရေးစနစ်အားအကြီးစားပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ပညာရေး အသိုင်းအ၀ိုင်းမှ ကျွမ်းကျင်သူ များက ဆွေးနွေးခဲ့သည်။
ဓာတ်ပုံ-ကောင်းထက်နိုင်ငံတော်အတွက် အရည်အချင်းရှိသော လူ့အရင်းအမြစ်များ၊ တတ်သိ ကျွမ်းကျင် စီမံခန့်ခွဲအုပ်ချုပ်တတ်သူများ၊ ပညာရှင်များ၊ မျိုးဆက်သစ်ခေါင်းဆောင် များ ပေါ်ထွက်လာရေးအ တွက် မြန်မာ့ပညာ ရေးစနစ်အားအကြီးစားပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ပညာရေး အသိုင်းအ၀ိုင်းမှ ကျွမ်းကျင်သူ များက ဆွေးနွေးခဲ့သည်။
 မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကျဆင်းလာခြင်းသည် ပညာရည်နိမ့်ကျမှု 
၏အကြောင်းတစ်ရပ်ဖြစ်ကြောင်း အငြိမ်းစားပါမောက္ခ ဒေါက်တာ မောင်သိန်းက  
စက်တင်ဘာလအတွင်းက စက်မှုလက်မှု အသင်းချုပ် တွင် ပြောသည်။
 မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေ အား ရေရှည်ပြုပြင်ပြောင်းလဲရန် 
အချက်အလက်များတွင် နိုင်ငံ့စီးပွားရေး တိုးတက်မှုသည် လိုအပ်ချက် 
တစ်ခုဖြစ်ပြီး ယင်းမှတစ်ဆင့် ပညာရေးတိုးတက်လာနိုင်မည်ဖြစ် ကြောင်း 
ဒေါက်တာဦးသိန်း က ပြောသည်။
"ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းအား
  ဖြင့် မသင်မနေရ မူလတန်းပညာရေး
  စနစ်ကို ရေရှည်မှာ အကောင်အထည်
  ဖော်နိုင်မယ်။ စီးပွားရေးတိုးတက်မှသာ
  ပညာရေးအသုံးစရိတ် ပိုလာမယ်"ဟု ၎င်းက ပြောသည်။ 
ပညာရေးကဏ္ဍ ရေတိုပြုပြင်ပြောင်း လဲရန်အချက်များတွင်မူ လက်ရှိ ငါး
  ရာခိုင်နှုန်းခန့်သာရှိနေသော  မြန်မာနိုင်ငံ၏ ပညာရေးအသုံး စရိတ်အား ၁၀ 
ခိုင်နှုန်းအထိ တိုးမြှင့်ပေးရန် အပါအ၀င် သင်ကြားရေးစနစ်အား ကလေးဗဟိုပြု
  ချဉ်းကပ်သင်ကြားရေးကို  ပြောင်းလဲ ရန်၊
  ဆရာ၊ ဆရာမများ၏ အရည်အသွေးကို
  မြှင့်တင်ပေးရန်၊ ကျူရှင်သင်ကြားခြင်း စနစ်များကို ပပျောက်ရန်နှင့် 
တက္ကသိုလ်
အခြားဘာသာရပ်များအား အမှတ် ၅၀ သတ်မှတ်ရန်
  စသည့်အချက်များကို တင်ပြ ဆွေးနွေးခဲ့
  သည်။
 မြန်မာနိုင်ငံပညာရေးစနစ်တွင် နည်း
  ပညာမှာ လွန်စွာ အားနည်းနေပြီး၊  ကျောင်းသားနှင့် ကွန်ပျူတာ လိုအပ်ချက် 
မှာ လွန်စွာကွာဟ ချက်ရှိကြောင်းကို မောက္ခမဂ္ဂဇင်းအဖွဲ့ဝင် ဦးတင်ညွန့်က 
စက်တင်ဘာလ ၈ ရက်နေ့ House of
  Media and Entertainment တွင် ကျင်းပသော ပညာရေးနှီးနှောဖလှယ်ပွဲ တွင် ပြောသည်။ 
"ကွန်ပျူတာတွေ ကျောင်းကို ရောက်လာတယ်။ ပြီးတော့ကျောင်းက လူတွေ
  က ယူဆတယ်၊ ၀ိဇ္ဇာဘွဲ့သမားတွေက ကွန်ပျူတာ ကိုင်စရာမလိုဘူးလို့။ သိပ္ပံက
  ဆရာမတွေက ကွန်ပျူတာနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို တက်တယ်။ ပြီးရင်
  ကွန်ပျူတာခန်းကို သော့ပိတ်ထားတယ်။ Multi Media room ကွန်ပျူတာအခန်း
  တွေ ကျောင်းတွေမှာ ဖွင့်တယ်။ ကွန်ပျူတာခန်းကို အထက်လူကြီးတွေ လာရင် ဟန်ဆောင် ခဏဖွင့်ပြီး Power Point  လောက် သုံးပြနိုင်ရင် အားတွေတက်ကြ
  တယ်။ 
ကျောင်းတစ်ကျောင်းမှာ ကျောင်းသားဦးရေ ၂,၀၀၀ လောက်ရှိတဲ့
  နေရာမှာ ကွန်ပျူတာ လေးလုံးဆိုပြီး ခွဲတမ်းတွေချပေးတယ်။ ကျောင်းမှာ
  ဆရာ၊ ဆရာမတွေက လက်တွေ့ပိုင်းကို
  မေ့ပြီး စာချည်း အော်ကျက်ခိုင်းနေ တယ်။ ကျွန်တော့တူမလေးဆိုရင် ကွန်ပျူ
  တာရှေ့မှာထိုင်ပြီး ကွန်ပျူတာ
  အကြောင်းကို စာအော်ကျက်နေတယ်။ ဆရာဆိုတာ လမ်းပြဖို့အတွက်ပဲ။ သင်ကြားမှုကို ဘောင်ဖွင့် ပေးရမယ်" ဟု ဦးတင်ညွန့်က ပြောသည်။
 တက္ကသိုလ်ကျောင်းသားများအတွက် အစိုးရအဆောင်များ ပြန်လည်စီစဉ်ပေးရန်၊ 
ပညာသင်စရိတ်များနှင့် ပညာချွန်ဆုများအရေ အတွက် တိုးမြှင့်ပေးအပ်ခြင်း
  များကိုလည်း ဆောင်ရွက်ပေးသင့်
  ကြောင်း ဒေါက်တာဦးသိန်းက ပြောသည်။
 မြန်မာနိုင်ငံမှ ကျောင်းများအနေဖြင့် နိုင်ငံခြားမှ 
လာရောက်ဖွင့်လှစ်သော အလယ်အလတ်အဆင့်ရှိကျောင်းများထက် မနိမ့်စေရန် 
လိုအပ်ပြီး အဝေးသင်
  ကျောင်းများအား စိစစ်ကြပ်မတ်ပေးရန်
  အပါအ၀င် မြန်မာနိုင်ငံရှိ အကြီးစား
  ပြုပြင် ပြောင်းလဲရန်လိုအပ်သော ပညာရေးကဏ္ဍကို ဒေါက်တာဦးသိန်းက 
ထောက်ပြဆွေးနွေးခဲ့သည်။
No comments:
Post a Comment