ပြပွဲ၌ ပြသထားသည့် အနုပညာလက်ရာများကို ဧည့်သည်တော် များ လေ့လာကြည့်ရှုနေစဉ်။ ဓာတ်ပုံ-ရတနာရုရှားနိုင်ငံ၏ ဗုဒ္ဓသာသနာအနုပညာ နှင့် ဓာတ်ပုံပြပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့ အထိ ရွှေတိဂုံစေတီတော် ချမ်းသာကြီး တန်ဆောင်း၌ ပြသလျက်ရှိသည်။
ရုရှားနိုင်ငံသံအမတ်ကြီး၏ မေတ္တာရပ်ခံချက်ဖြင့် ရုရှားနိုင်ငံ၏ ဗုဒ္ဓသာသနာ
 ထွန်းကားမှုအခြေအနေ၊ ကိုးကွယ်မှု၊ ထိန်းသိမ်းထားမှု နှင့် ဘာသာရေးဆိုင်ရာ 
ယဉ်ကျေးမှုများကို မြန်မာပြည်သူများ ကြည့်ရှု လေ့လာနိုင်စေရန် ရည်ရွယ်၍ 
အဆိုပါ အနုပညာနှင့် ဓာတ်ပုံပြပွဲကို လက်ခံ၍ ကျင်းပခြင်းဖြစ်ကြောင်း  
သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်ဌေးက မြန်မာ 
တိုင်း(မ်)ကို ပြောသည်။ 
"ဘာသာရေး ပူးပေါင်းဆောင်ရွက်မှု တစ်ခုပါ။ မြန်မာနိုင်ငံရဲ့ လူဦးရေ 
အများစု ကတော့ ဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်။ ဗုဒ္ဓဘာသာဝင် အများစုက ဗုဒ္ဓဘာသာ ကို 
ထိန်းသိမ်းထားတဲ့ နီပေါ၊ သီရိလင်္ကာ၊
  အိန္ဒိယနိုင်ငံတွေကို ဘုရားဖူးသွားကြ တယ်။ လေ့လာကြတယ်။ နိုင်ငံတကာမှာ
  ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ထိန်းသိမ်း ထားတာလေးတွေကို သိရှိရတဲ့အတွက် 
အကျိုးရှိပါတယ်။ အခုဆိုလည်း ရုရှား
  နိုင်ငံမှာ ဗုဒ္ဓသာသနာနဲ့ပတ်သက်ပြီး
  ထိန်းသိမ်းထားတာတွေကိုလည်း လေ့
  လာနိုင်တယ်"ဟု ၎င်းက ပြောသည်။
 မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံး၏  ပထမအတွင်းဝန် Mr Alexey V.Semenikhin
  က ရုရှားနိုင်ငံ၏ ဗုဒ္ဓသာသနာအနုပညာနှင့် ဓာတ်ပုံများကို ပြသခြင်းဖြင့် 
ရုရှားနိုင်ငံ၌ရှိသော ဗုဒ္ဓသာသနာတော်ကို မြန်မာပြည်သူများ 
နားလည်လာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
 "ရုရှားနိုင်ငံမှာလည်း ဗုဒ္ဓသာသနာ
  တော်ကိုကိုးကွယ်ကြတဲ့သူတွေလည်း ရှိ ပါတယ်။ ဗုဒ္ဓတရားတော်ကို လေးစားကြ တယ်။
 လေ့လာကြတယ်။ ယုံကြည်ကြပါ တယ်။ ရုရှားမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်
  တဲ့လူမျိုး သုံးမျိုးရှိတယ်။ ရုရှားနိုင်ငံရဲ့ တစ်ရာခိုင်နှုန်းဟာ 
ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတယ်။ လူဦးရေအားဖြင့် တစ်သန်းကျော်ရှိတယ်။ ဒီလိုသာသနာ
 ရေးကိစ္စတွေဟာ ကျွန်တော်တို့ဘ၀ရဲ့ အခြေခံတွေပါ။ ထွန်းကားရင်၊ တိုးတက်
  ရင် တခြား နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး
  ကိစ္စတွေမှာ အကျိုးရှိမယ်လို့ ယုံကြည်ပါ တယ်"ဟု ၎င်းက ပြောသည်။
ရုရှားနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာ
  သမိုင်းမှာ နှစ်ပေါင်း ၄၀၀ ကျော် ကြာရှည်
  ခဲ့ပြီဖြစ်သည်။ ၂၀ ရာစုနှောင်းပိုင်း မတိုင်
  မီက ရုရှားနိုင်ငံ၌ နေထိုင်သော တိုင်းရင်း
  သားလူမျိုးဖြစ်သည့် ဘူရတ်၊ ကာလ်မစ်ခ်
  နှင့်  တူဗလူမျိုးသာလျှင် ဗုဒ္ဓဘာသာဝင်
  များအဖြစ် တရားဝင် သတ်မှတ်ကြ သည်။
 အခြားသောဘာသာဝင်များနှင့် ဆက်သွယ်ရာတွင် ဗုဒ္ဓဘာသာဝင်တို့သည် ၎င်းတို့၏ 
သွင်ပြင်လက္ခဏာဖြစ်သော သည်းခံနိုင်စွမ်း ရှိခြင်း၊ အခြားသော လူမျိုးစုများ၏ 
ဓလေ့ထုံးစံများအပေါ် စိတ်ရှည်သည်းခံတတ်သော သဘော ထားကိုပြခဲ့သည်ဟု သိရသည်။ 
ဗုဒ္ဓဘာသာသည် အခြားသော
  ဘာသာများ၏ အစောပိုင်း ယဉ်ကျေးမှု
  ပုံစံကြားတွင် တစ်စုံတစ်ရာ ထူးခြားသည့်  လက္ခဏာကို ဖော်ဆောင်နိုင်ခဲ့ပြီး 
ယင်း ကွဲပြားသော မျိုးနွယ်များ၏ ထုံးလမ်းစဉ် လာ ယဉ်ကျေးမှုအခြေခံများကို 
ဗုဒ္ဓဘာသာ ဘုရားကျောင်းတော် များ ဓလေ့ထုံးစံတွင် ထည့်သွင်းပါဝင်စေခဲ့သည်။
 ရာစုနှစ် လေးခုကြာကာလတွင် စိန် ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရပြီးမှ ယနေ့
  ထက်တိုင်အောင် ရုရှား၌ ဗုဒ္ဓဘာသာ ရှင်သန်ကျန်ရစ်နေ ခဲ့ခြင်းဖြစ်ကြောင်း ရုရှား ဗုဒ္ဓဘာသာသမိုင်းအရ သိရသည်။ 
အနုပညာပြပွဲသို့ လာရောက်ကြည့်ရှု
  သူတစ်ဦးဖြစ်သော ဗ်ငေ ဏေခင္ငခ ႈည်စနခအငသည ဗါနညခပ မွ မန်းနေဂျင်း
  ဒါရိုက်တာ ဦးအောင်မိုးက ရုရှားနိုင်ငံ၏ ဗုဒ္ဓသာသနာထွန်းကားမှုအခြေအနေကို လေ့လာခွင့်ရသည့်အတွက် ၀မ်းသာ  ကြောင်း ပြောသည်။ 
"ရုရှားက ကွန်မြုနစ်နိုင်ငံဆိုတော့ ကိုးကွယ်ယုံကြည်မှုဘာသာတွေဟာ မှိုင်း 
တိုက်တယ်၊ နိုင်ငံရဲ့တိုးတက်မှုကို နှောင့် နှေးစေတယ်လို့ ယူဆပြီး ဘာသာရေး 
ကို ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် အခု  ဒီဓာတ်ပုံနဲ့ ဗုဒ္ဓဘာသာကိုဖော်ညွှန်းတဲ့ 
အနုပညာတွေကိုမြင်ရတော့ ရုရှားမှာ ဗုဒ္ဓဘာသာကို ထိန်းသိမ်းထားတယ်ဆို တာကို 
တွေ့ရတယ်။ အသေးစိတ် မသိ သေးပေမယ့် မြင်ရတာ ၀မ်းသာပါတယ်။  အခု 
ကမ္ဘာ့နိုင်ငံအနှံ့မှာ အကြမ်းဖက်၊
  ပဋိပက္ခအခြေအနေတွေ ဖြစ်နေကြ
  တယ်။ ဒါတွေကို ဘာသာရေးရဲ့ အဆုံး
  အမတွေ၊ ငြိမ်းချမ်းရေး တရား၊ မေတ္တာ၊
  ကရုဏာနဲ့ ဥပေက္ခာတရားတွေကို လက်ကိုင်ထားရင်း မတူညီတဲ့၊ ကွဲလွဲနေတဲ့ 
လူမျိုးအချင်းချင်း၊ ဘာသာအချင်းချင်း ချစ်ခင်ရင်းနှီးစွာ 
နေထိုင်သွားဖို့ကို အခု
  လို ဘာသာအချင်းချင်း အပြန်အလှန်
  ဖလှယ်မူတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ
  က အကျိုးပြု မယ်လို့ မျှော်လင့်ပါတယ်"ဟု ဦးအောင်မိုးက ပြောသည်။
 လူမျိုးပေါင်းစုံ အတူအကွ ယှဉ်တွဲနေ ထိုင်ရေးအတွက် ဘာသာပေါင်းစုံ ချစ် 
ကြည်ရေးမှာ အရေးပါတဲ့အခန်းကဏ္ဍ တစ်ခုဖြစ်သည်ဟု ဒေါက်တာမောင် မောင်ဌေးက 
ပြောသည်။
  မြန်မာနိုင်ငံ၏  ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လူတိုင်း လွတ်လပ်စွာ ကိုး
  ကွယ်ခွင့်ရှိသည် ဆိုသည့်အတိုင်း
  ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဘာသာအချင်းချင်း
 အပြန်အလှန်ပူးပေါင်းဆောင်ရွက် ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ 
ကြောင်း ၎င်းကပြောသည်။
ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး နှင့် ဘာသာအချင်းချင်း အပြန်အလှန် ရင်းနှီးမှုများရရှိစေရန်အတွက် ရုရှား
  နိုင်ငံနှင့်သာမက အခြားဗုဒ္ဓဘာသာ နိုင်ငံများဖြစ်သော တရုတ်၊ ဗီယက်နမ်
  စသော နိုင်ငံများနှင့်လည်း ပူးပေါင်း
  ဆောင်ရွက်မှုများကို ဆောင်ရွက်လျက်
  ရှိကြောင်း ၎င်းက ပြောသည်။
 "မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွားမှုနဲ့ 
ထိန်းသိမ်းထားမှုတွေကို တရုတ်၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေရဲ့ စိတ် ၀င်စားမှုက 
ပိုများ လာတယ်။ သာသနာ ရေးဝန်ကြီးဌာနကို မေးကြတယ်။ အကြံ ဉာဏ် တောင်းကြတယ်။ 
ကျွန်တော်တို့ ဌာနကလည်း ကူညီပေးပါ တယ်" ဟု ၎င်းက ပြောသည်။
From-မြန်မာ့တိုင်း (မ်) 


No comments:
Post a Comment