KIA တပ်ဖွဲ့ဝင် ၇ ဦး ကလေး ၂ ယောက်အမေတစ်ဦးနှင့် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့အား အုပ်စုဖွဲ့အဓမ္မပြုကျင့် - NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, October 8, 2012

KIA တပ်ဖွဲ့ဝင် ၇ ဦး ကလေး ၂ ယောက်အမေတစ်ဦးနှင့် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့အား အုပ်စုဖွဲ့အဓမ္မပြုကျင့်



အောက်တိုဘာလ(၃)ရက်တွင် မြစ်ကြီးနားမြို့၊ ကြာရာပတ္တီး(ဘီ)နယ်မြေ၊ တပ်ကုန်းရပ်ကွက်ရှိ ဦးချစ်ဆွေ၏ ရာဘာခြံတွင် KIA မှ ဆရာကြီး ဘွမ်ချမ်းနှင့် သူ၏အမာခံ တပည့်များသည် လူသစ်လို၍ ၀င်ရောက်ဖမ်းဆီးစဉ် ရာဘာခြံ အလုပ်သမ ဒေါ်ဇာ၏ သမီးကြီး မ(-----)(၁၄)နှစ်နှင့် ရာဘာခြံအလုပ်သမ ကလေးနှစ်ယောက်အမေ မ(-----) (၃၀) နှစ်တို့ (၂)  ဦးအား တွေ့ရှိပြီး အုပ်စုလိုက်မုဒိမ်းကျင့်ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ(၃) ရက်၊ ည (၉) နာရီခန့်တွင် KIA မှဆရာကြီး ဘွမ်ချမ်းဦးစီးအဖွဲ့သည် မြစ်ကြီးနားမြို့အနီး ရာဘာခြံသို့ လူသစ်စုဆောင်းရန် ရောက်ရှိလာပြီး ရာဘာခြံတွင်ရှိသော ယောက်ျားများမှာ ထွက်ပြေးသွားသဖြင့် ကျန်ရှိနေသော မ(-----) (၁၄)နှစ်နှင့် ရာဘာခြံအလုပ်သမ ကလေး(၂)ယောက်မိခင် မ(-----) (၃၀)နှစ်တို့အား အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး မ(-----) (၁၄)နှစ်အား KIA တပ်ဖွဲ့ဝင်(၂)ဦးမှလည်းကောင်း၊ မ(-----)(၃၀)နှစ်အား KIA တပ်ဖွဲ့ဝင်(၃)ဦးမှလည်းကောင်း ရာဘာခြံအတွင်းတွင် အဓမ္မပြုကျင့်ခဲ့ပါသည်။ အဓမ္မပြုကျင့်ရာတွင် ပါဝင်ခဲ့သည့် KIA တပ်သား(၁)ဦး ဖြစ်သော ခေါဇုန်း(၁၉)နှစ်(ဘ)ဦးကိခေါအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏၀န်ခံပြောဆိုချက်များအရ ၎င်းတို့အဖွဲ့အနေဖြင့် လူသစ်စု ဆက်ကြေးကောက်ရန် ဗဟိုမှ စေလွှတ်ထားသောအဖွဲ့များဖြစ်ကြောင်း၊ ကျေးရွာများတွင် လူသစ်စုဆောင်းရန် ခက်ခဲ လာသဖြင့် မြို့စွန်ရာဘာခြံသို့ လူသစ်စုဆောင်းရန် ၀င်ရောက်လာစဉ် ရာဘာခြံစောင့် မြန်မာမိန်းကလေးများအား တွေ့ရှိ ပြီး ပြစ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ချိန်တွင် KIA တပ်ဖွဲ့ဝင်အားလုံးမှာ အရက်မူးလျက်ရှိကြောင်း ၀န်ခံပြောဆိုခဲ့ပါသည်။

KIA သည် ယခုရက်ပိုင်းအတွင်း လူသစ်စုဆောင်းရေးစီမံချက်အရ ကျေးရွာများတွင် လူသစ်ဝင်ရောက် ဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကို အကြောင်းပြ၍ လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့အပြင်လိုင်ဇာဌာနချုပ်မှလည်း မြို့စွန် လူနေကျဲသော နေရာများ၊ တောင်ယာတဲ့များ၊ ရာဘာခြံများ တွင် ညအချိန် ၀င်ရောက်ဖမ်းဆီး လူသစ်စုရန် ညွှန်ကြားထားကြောင်း နှင့် လူသစ်မရရှိပါက အဆင့်ဆင့်အရေးယူသွားမည်ဖြစ်ကြောင်း KIA လက်အောက်ခံတပ်များသို့ ညွှန်ကြားထားကြောင်းကိုလည်း လိုင်ဇာဌာနချုပ်နှင့်နီးစပ်သူများထံမှ သိရှိရပါသည်။

KIA တပ်များသည် မေလ (၆) ရက်နေ့မှာလဲ မိုးညှင်း မြို့နယ် ပင်လုံကျေးရွာမှ အတင်းအဓမ္မဖမ်းဆီး လူသစ်စုဆောင်း သွားသော မိန်းကလေး (၇) ဦးနှင့် ယောက်ျားလေး (၁၅) ဦးတို့ အနက် အမျိုးသမီး (၂)ဦးကို  အတင်း အဓမ္မမတရားပြုကျင့်ခဲ့သည့် အတွက် ပင်လုံရွာသူရွာသားများက မကျေနပ်   ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။ 

စာကြမ်းပိုး(facebook)

No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template