ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဂျပန်နိုင်ငံ Kansai Economic Federation ဒုတိယ ဥက္ကဋ္ဌနှင့် Panasonic ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ - NAING NAING SANAY MYANMAR NEWS
Headlines News :

Monday, October 8, 2012

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဂျပန်နိုင်ငံ Kansai Economic Federation ဒုတိယ ဥက္ကဋ္ဌနှင့် Panasonic ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ



(နေပြည်တော် အောက်တိုဘာ ၈)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဂျပန်နိုင်ငံ အိုဆာကာမြို့ အခြေစိုက် Kansai Economic Federation (Kankeiren) ဒုတိယ ဥက္ကဋ္ဌနှင့် Panasonic ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ Mr. Masayuki Matsushita ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အတူ ဒုတိယ ဝန်ကြီးများ ဖြစ်ကြ သည့် ဦးသန့်ကျော်၊ ဦးထင်အောင်၊ ဦးသိန်းအောင်၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာ ဒေါ်ခင်စန်းရီနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာ၌ မြန်မာနှင့် ဂျပန် နှစ်နိုင်ငံ အကြား ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မြဲရေး ဆိုင်ရာ များ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် စပ်လျဉ်းသည့် အချက်အလက် ဆိုင်ရာ များ၊ မြန်မာနိုင်ငံ သားများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် အလုပ် အကိုင် အခွင့်အလမ်း များ ပိုမိုရရှိ လာစေရေး ဆိုင်ရာများ၊ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့် နည်းပညာပိုင်း ဆိုင်ရာ ကဏ္ဍရပ်များတွင် ပိုမိုကောင်းမွန်သည့် အလားအလာ ကောင်းများ ပေါ်ပေါက် လာစေရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။


No comments:

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. NAING NAING SANAY MYANMAR NEWS - All Rights Reserved
Template Design by Creating Website Published by Mas Template